ပုလော မေ ၂၇
ပုလောမြို့နယ်ရှိ မြို့ပေါ်ရပ်ကွက်များနှင့် အခြေခံပညာကျောင်းများ၌ မိုးတွင်းကာလတွင် ဖြစ်ပွားလေ့ရှိသော သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေး အသိပညာပေး ဖုံး၊ သွန်၊ လဲ၊ စစ်လုပ်ငန်းများကို မေ ၂၅ ရက်နေ့ နံနက်ပိုင်းက ပုလောမြို့ အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်း၌ ကွင်းဆင်းဆောင်ရွက်ကြောင်း သိရသည်။
ထိုသို့ ဆောင်ရွက်ရာတွင် ပုလောမြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာပြုံးချို ဦးဆောင်ပြီး ကျန်းမာရေးဝန်ထမ်းများက ပုလောမြို့ပေါ်ရပ်ကွက်များနှင့် အခြေခံပညာကျောင်းများအတွင်း မိုးတွင်းကာလ၌ ဖြစ်ပွားတတ်သော သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်နိုင်ရန် လူနေအိမ်များနှင့် ကျောင်းသား၊ ကျောင်းသူများ ကျန်းမာပျော်ရွှင်ပြီး ပညာသင်ကြားနိုင်ရန် ကျောင်းအခြေပြု သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေးလုပ်ငန်းများဖြစ်သည့် ကျောင်းပတ်ဝန်းကျင်ရှိ ခြင်ခိုအောင်းနိုင်သော နေရာများကို သန့်ရှင်းရေးပြုလုပ်ပြီး ဖုံး၊ သွန်၊ လဲ၊ စစ်လုပ်ငန်းများဆောင်ရွက်ခြင်းနှင့် ရေလှောင်ကန်များအတွင်း အဘိတ်ဆေးခတ်ခြင်းစသည့် အသိပညာပေးလုပ်ငန်းများကို ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ကြောင်း သိရသည်။
ပုလော (ပြန်/ဆက်)