ပုဗ္ဗသီရိ မေ ၂၇
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် ပုဗ္ဗသီရိမြို့နယ်အတွင်းရှိ စက်သုံးဆီအရောင်းဆိုင်များအား မီးဘေးကြိုတင်ကာကွယ်ရေးစစ်ဆေးခြင်းလုပ်ငန်းများကို ယနေ့နံနက်ပိုင်းက တာဝန်ရှိသူများက ဆောင်ရွက်ခဲ့သည်။
ထိုသို့ ဆောင်ရွက်ရာတွင် ပုဗ္ဗသီရိမြို့နယ်မီးသတ်ဦးစီးမှူး ဦးညီညီဝင်းဦးဆောင်၍ မီးသတ်စခန်းမှတပ်ဖွဲ့ဝင်များက စက်သုံးဆီအရောင်းဆိုင်ငါးဆိုင်အား ဆီဆိုင်တာဝန်ခံများနှင့်ပူးပေါင်း၍ မီးဘေးလုံခြုံရေးအတွက် မီးဘေးကြိုတင်ကာကွယ်ရေးစစ်ဆေးခြင်း၊ မီးဘေးကြိုတင်ကာကွယ်ရေးပစ္စည်းများအား ကျွမ်းကျင်စွာအသုံးပြုနိုင်ရေးအတွက် အကြံပေးခြင်းနှင့် လက်တွေ့စမ်းသပ်စစ်ဆေးခြင်းများကို ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အောင်ကို(ပုဗ္ဗသီရိ)