လားရှိုး မေ ၂၇
ရှမ်းပြည်နယ် (မြောက်ပိုင်း) လားရှိုးမြို့တွင် Easy To Learn ကိုယ်ပိုင်ကျောင်း၏ ပညာရည်ထူးချွန်ဆုပေးပွဲနှင့် သင်တန်းဆင်းလက်မှတ်ပေးအပ်ပွဲကို ယမန်နေ့က ခရိုင်လူထုအခြေပြုဗဟိုဌာနရှိ ဘက်စုံသုံးခန်းမ၌ ကျင်းပသည်။
ထိုသို့ ပေးအပ်ရာတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန တွဲဖက်ပြည်နယ်ရုံး (လားရှိုး) မှ ဒုတိယညွှန်ကြားရေးမှူး ဦးဇော်ဌေးအောင်နှင့် Easy To Learn ကိုယ်ပိုင်ကျောင်းမှ တာဝန်ရှိသူများက အတန်းအလိုက်ပညာရည်ထူးချွန်ဆုရရှိသည့် ကျောင်းသား ကျောင်းသူများအား ပညာရည်ထူးချွန်ဆုနှင့် သင်တန်းဆင်းလက်မှတ်များ ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။
လူမော် (ပြန်/ဆက်)