ခိုလမ် မေ ၂၆
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ခိုလမ်မြို့၊ အမှတ်(၃)ရပ်ကွက်ရှိ စည်ပင်သာယာရေးဌာနပိုင် မြို့မစျေး၌ ယမန်နေ့မွန်းလွဲ ၂ နာရီခွဲက မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး လက်တွေ့သရုပ်ပြ ဇာတ်တိုက်လေ့ကျင့်ခြင်းနှင့် မီးဘေးအသိပညာပေးခြင်းများ ဆောင်ရွက်သည်။
ထိုသို့ဆောင်ရွက်မှုများကို မြို့စည်ပင်သာယာရေးဌာန တာဝန်ခံ ဦးစီးအရာရှိ ဦးဇော်လင်းခိုင်နှင့် ခိုလမ်မြို့မီးသတ်ဦးစီးဌာနမှ ဒုမီးသတ်ဦးစီးမှူး ဦးဇင်မင်းဦးက စျေးသူ/စျေးသားများနှင့် ဒေသခံပြည်သူများအား မီးလောင်မှုအခြေခံသဘောတရားများ၊ မီးသတ်ဆေးဘူးကိုင်တွယ်အသုံးပြုပုံများနှင့် မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး အသိပညာပေးဟောပြောသည်။
ဆက်လက်၍ စျေးများမီးလောင်မှုဖြစ်ပွားပါက အလျင်အမြန် မီးငြိမ်းသတ်နိုင်ရေးအတွက် နေရာယူခြင်း၊ ရှာဖွေကယ်ဆယ်ခြင်း၊ မီးသတ်ဆေးဘူးအသုံးပြုခြင်း၊ ရေဖျန်းခြင်းများကို လက်တွေ့သရုပ်ပြသဆောင်ရွက်ခဲ့သည်။
အဆိုပါ ဇာတ်တိုက်လေ့ကျင့်မှုများကို ခိုလမ်မြို့ မီးသတ်ဦးစီးဌာနနှင့် စည်ပင်သာယာရေးဌာနတို့ ပူးပေါင်းဆောင်ရွက်ခြင်းဖြစ်ပြီး အဆိုပါလက်တွေ့သရုပ်ပြအခမ်းအနားသို့ မြို့စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်မှုကော်မတီဥက္ကဋ္ဌ ဦးအောင်မင်းစိုး၊ မြို့အဆင့်ဌာနဆိုင်ရာအကြီးအကဲများ၊ ဝန်ထမ်းများ၊ စျေးတာဝန်ခံနှင့် ဝန်ထမ်းများ၊ စျေးသူ စျေးသားများ တက်ရောက်ကြည့်ရှုခဲ့ကြောင်း သိရသည်။
ကျော်ဇင်(ခိုလမ်၊ ပြန်/ဆက်)