မိုင်းရယ်သကြားစက်ရုံ၌ သီးသန့်မီးသတ်တပ်ဖွဲ့ အကြိုအခြေခံမီးသတ်ပညာသင်တန်း ဖွင့်လှစ်

မိုင်းရယ် မေ ၂၆

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မိုင်းရယ်မြို့နယ် မီးသတ်ဦးစီးဌာနက၊ ခိုဆိုင်းကျေးရွာအုပ်စုရှိ၊ သံတောင်ဦးကုမ္ပဏီလီမိတက်၊ မိုင်းရယ်သကြားစက်ရုံ (ရှန်တော်သကြားစက်)တွင် သီးသန့်မီးသတ်တပ်ဖွဲ့ အကြိုအခြေခံမီးသတ်ပညာသင်တန်းဖွင့်လှစ်ခြင်းကို ယမန်နေ့နံနက် ၁၀ နာရီက အဆိုပါစက်ရုံရှိ အစည်းအဝေးခန်းမ၌ ပြုလုပ်သည်။

ထိုသို့ပြုလုပ်ရာတွင် မြို့နယ်မီးသတ်ဦးစီးဌာနမှ ဦးစီးအရာရှိ ဦးဇော်ထွန်းဦးက သင်တန်းဖွင့်လှစ်ပေးခြင်းဆိုင်ရာ ရည်ရွယ်ချက်များကို ပြောကြားပြီးကုမ္ပဏီမှ တာဝန်ရှိသူတစ်ဦးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့သည်။

အဆိုပါသင်တန်းကို မေလ ၂၅ ရက်မှ ဇွန်လ ၆ ရက်အထိ အခြေခံစစ်ရေးပြနှင့် မီးသတ်ပညာဘာသာရပ်တို့ကို သင်ကြားပေးသွားမည်ဖြစ်ပြီး သံတောင်ဦးကုမ္ပဏီလီမိတက်မှ ဌာနခွဲအသီးသီးရှိ သင်တန်းသား/သူ စုစု ပေါင်း (၃၅)ဦး တက်ရောက်ခဲ့ကြကြောင်း သိရသည်။

မိုင်းရယ်(ပြန်/ဆက်)