မူဆယ် မေ ၂၆
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်မြို့တွင် သီးသန့်မီးသတ်တပ်ဖွဲ့ဝင်များ အကြိုအခြေခံမီးသတ်ပညာသင်တန်း အမှတ်စဉ်(၁/၂၀၂၆) ဖွင့်ပွဲအခမ်းအနားကို မီးသတ်ဦးစီးဌာန၊ ခရိုင်မီးသတ်ဦးစီးမှူးရုံးတွင် ယနေ့နံနက် ၁၀ နာရီအချိန်က ကျင်းပခဲ့ကြောင်း သိရသည်။
အခမ်းအနားတွင် မူဆယ်ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးစန်းမင်းက သင်တန်းအဖွင့်မိန့်ခွန်း ပြောကြားခဲ့သည်၊၊ အခမ်းအနားအပြီးတွင် မီးသတ်ဦးစီးဌာနမှ ခင်းကျင်းပြသထားသည့် မီးငြှိမ်းသတ်ခြင်းနှင့်ကယ်ဆယ်ရေးလုပ်ငန်းများတွင် အသုံးပြုသော အထောက်အကူပြုပစ္စည်းများအား လှည့်လည်ကြည့်ရှုခဲ့ကြသည်။ အဆိုပါသင်တန်းကို ခရိုင်မီးသတ်ဦးစီးမှူးရုံးကကြီးမှူး၍ ရပ်ကွက်အတွင်းမှ သင်တန်းသား ၅၈ ဦးကို ၁၀ ရက်ကြာ သင်ကြားပေးမည်ဖြစ်ပြီး၊ သင်တန်းတွင် အခြေခံစစ်ရေးပြဘာသာရပ်၊ ပိုက်လိပ်ပိုက်ခေါင်းဆက်နည်း၊ ရေဖွင့်ရေပိတ်အချက်ပြနည်း၊ အပေါ့စားမီးသတ်စက်လေ့ကျင့်ခန်း၊ Wet Drill Exercise ရေစိုလေ့ကျင့်ခန်း၊ လောင်ကျွမ်းခြင်းအမျိုးအစား၊ Instalation များ အသုံးပြုပုံများစသည့် သင်ခန်းစာများပါဝင်ကာ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များမှ လေ့ကျင့်သင်ကြားပေးမည်ဖြစ်သည်။
အဆိုပါအခမ်းအနားသို့ ခရိုင်နှင့်မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌများ၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များ၊ ခရိုင်/မြို့နယ်ဌာနဆိုင်ရာတာဝန်ရှိသူများ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ သင်တန်းသားများ တက်ရောက်ခဲ့ကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)