တာလေ မေ ၂၅
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ တာလေမြို့အတွင်းရှိ အခြေခံပညာကျောင်းများတွင် ၂၀၂၆-၂၀၂၇ ပညာသင်နှစ်အတွက် ကျောင်းအပ်လက်ခံခြင်းကို ယနေ့နံနက် (၉)နာရီမှစတင်၍ လက်ခံဆောင်ရွက်ပေးလျက်ရှိသည်။
တာလေမြို့တွင် အခြေခံပညာအထက်တန်းကျောင်း(၁)ကျောင်း၊ အခြေခံပညာအထက်တန်းကျောင်း(ခွဲ)(၁)ကျောင်း၊ အခြေခံပညာမူလတန်းကျောင်း(၁၆)ကျောင်းနှင့် အခြေခံပညာမူလတန်းကြိုကျောင်း(၄)ကျောင်းရှိပြီး အခြေခံပညာကျောင်းများတွင် “ကျောင်းနေအရွယ်ကလေးများအားလုံး အခြေခံပညာသင်ယူဖို့ ကျောင်းအပ်နှံကြပါစို့” ဆောင်ပုဒ်နှင့်အညီ မေလ (၂၅)ရက်နေ့မှ မေလ(၃၁)ရက်နေ့အထိ သက်ဆိုင်ရာအတန်းများအလိုက် ကျောင်းအုပ်ကြီးများနှင့် ဆရာ၊ ဆရာမများမှ ကျောင်းသား၊ ကျောင်းသူများအား ကျောင်းအပ်နှံခြင်းကို လက်ခံဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်းနှင့် နိုင်ငံတော်မှအခမဲ့ထောက်ပံ့ပေးအပ်သည့် ကျောင်းသုံးပြဌာန်းစာအုပ်များ၊ ဗလာစာအုပ်များ၊ စာရေးကိရိယာများနှင့် ကျောင်းဝတ်စုံတို့ကို ကျောင်းလာရောက်အပ်နှံကြသည့် ကျောင်းသား/သူများထံသို့ သက်ဆိုင်ရာတာဝန်ရှိသူများမှ ထောက်ပံ့ပေးအပ်လျက်ရှိကြောင်း သိရသည်။
ရဲထက်ဦး(ပြန်/ဆက်)