နတ်မောက်မြို့ လူထုအခြေပြုဗဟိုဌာန(Community Centre)တွင် စာဖတ်ရှိန်မြှင့်တင်ရေး ကဗျာရွတ်ဆိုပြိုင်ပွဲ ကျင်းပ

နတ်မောက် မေ ၂၅

မကွေးတိုင်းဒေသကြီး နတ်မောက်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ကျောင်းသား/ကျောင်းသူများပူးပေါင်း၍ စာဖတ်ရှိန်မြှင့်တင်ရေး ကဗျာရွတ်ဆိုပြိုင်ပွဲကို ယနေ့နံနက်၉နာရီက လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်ဥမ္မာခင်က ကျောင်းသား/ကျောင်းသူလူငယ်များအနေဖြင့် ကာယ၊ဥာဏ၊စာရိတ္တ၊မိတ္တ၊သုခဆိုသည့် ဗလငါးတန်ဖွံ့ဖြိုးတိုးတက်စေရန်၊ စာကြည့်တိုက်နှင့်ရင်းနှီးကျွမ်းဝင်မှုရှိစေရန်နှင့် နွေရာသီကျောင်းပိတ်ရက်များကို အကျိုးရှိစွာအသုံးချတက်စေရန်အတွက် ယခုကဲ့သို့ပြိုင်ပွဲများကျင်းပပြုလုပ်ရခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့သည်။ ထို့နောက် ပြိုင်ပွဲကိုကျင်းပခဲ့ရာ ကျောင်းသား/ကျောင်းသူလေးများက မိမိတို့ဖတ်ရှုလေ့လာထားသည့် မိဘကျေးဇူး၊ ကြာဆစ်ကြိုး၊ ပိုးတုံးလုံးနှင့်ပန်းသည်စသည့် ကဗျာများဖြင့် ကိုယ်ဟန်အမှုအရာနှုတ်မှုစွမ်းရည်များဖြင့် စိတ်ဝင်စားဖွယ်ယှဥ်ပြိုင်ခဲ့ကြသည်။ အဆိုပါပြိုင်ပွဲတွင်ဆုရရှိသည့် ကလေးငယ်များအား မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိက ဆုများကိုချီးမြှင့်ပေးခဲ့ကြောင်း သိရသည်။

လှဝင်း