၂၀၂၆-၂၀၂၇ ပညာသင်နှစ် အခြေခံပညာကျောင်းများ၌ ကျောင်းအပ်လက်ခံခြင်းများ စတင်

မိုင်းတုံ မေ ၂၅

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းတုံခရိုင်၊ မိုင်းတုံမြို့နယ်တွင် ၂၀၂၆-၂၀၂၇ပညာသင်နှစ်အတွက် အခြေခံပညာကျောင်းများအားလုံး၌ ကျောင်းအပ်လက်ခံခြင်းများကို ယနေ့နံနက် ၈နာရီမှစတင် ဆောင်ရွက်ပေးလျက်ရှိသည်။

ပညာရေးဝန်ကြီးဌာန အခြေခံပညာကျောင်းအားလုံး၌ ကျောင်းအပ်နှံရာတွင် မည်သည့်အခကြေးငွေမျှကောက်ခံမှုမရှိကြောင်းနှင့် ကျောင်းသုံးပြဌာန်းစာအုပ်၊ ဗလာစာအုပ်၊ ဘောပင်၊ခဲတံတို့ကို ကျောင်းသား၊ကျောင်းသူတိုင်းအား နိုင်ငံတော်မှ(အခမဲ့) ပေးအပ်ကာ ကျောင်းအပ်လက်ခံဆောင်ရွက်ပေးလျက်ရှိ​ပြီး ပထမနေ့တွင်​ကျောင်းသား၊ ကျောင်းသူများ လာရောက်အပ်နှံသူ အများအပြားရှိကြောင်းသိရသည်။

မျိုးကျော်စိုး(ပြန်/ဆက်)