ကျောက်တလုံးကြီး မေ ၂၅
နိုင်ငံတစ်ဝှမ်းလုံးရှိ အခြေခံပညာကျောင်းများ၌ ၂၀၂၆ ခုနှစ်၊ မေလ ၂၅ ရက်နေ့ မှ ၃၁ ရက်နေ့အထိ ၂၀၂၆-၂၀၂၇ ပညာသင်နှစ်၊ အခြေခံပညာအဆင့်ကျောင်းသား/ကျောင်းသူများအား ကျောင်းအပ်လက်ခံဆောင်ရွက်ပေးလျက်ရှိရာ ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးခရိုင်၊ ကျောက်တလုံးကြီးမြို့ရှိ အခြေခံပညာကျောင်းများတွင် ယနေ့နံနက်ပိုင်းမှ စတင်ကာ ကျောင်းအပ်လက်ခံဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ကျောက်တလုံးကြီးမြို့အတွင်း ၂၀၂၆-၂၀၂၇ ပညာသင်နှစ် အခြေခံပညာကျောင်းများသို့ တက်ရောက်သင်ကြားမည့် ကျောင်းသား/ကျောင်းသူများ စိတ်အေးချမ်းသာစွာပညာသင်ကြားနိုင်ရေးအတွက် ကျောင်းပတ်ဝန်းကျင်သန့်ရှင်းရေးလုပ်ငန်းများကို မြို့အုပ်ချုပ်ရေးမှူးနှင့်ဌာနဆိုင်ရာများ၊ ပြည်သူများမှပူးပေါင်းဆောင်ရွက်ပေးခဲ့ပြီး နိုင်ငံတော်အစိုးရမှ ကျောင်းသား/ကျောင်းသူများအား ကျောင်းသုံးပြဋ္ဌာန်း စာအုပ်၊ ဗလာစာအုပ်၊ ဘောပင်၊ ခဲတံစသည့် ပညာသင်ကြားရေးအထောက်အကူပြုပစ္စည်းများကို (အခမဲ့) ထောက်ပံ့ပေးသွားမည်ဖြစ်ကြောင်းနှင့် ၂၀၂၆-၂၀၂၇ပညာသင်နှစ် “နိုင်ငံတော်စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်ဖို့ ကျောင်းနေအရွယ်ကလေးအားလုံး ကျောင်းအပ်နှံကြပါစို့” မြေစိုက်ပိုစတာနှင့်အညီ ကျောင်းနေအရွယ်ကလေးများအားလုံး ပညာသင်ကြားနိုင်ရေးကြိုးပမ်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း အ.ထ.ကကျောက်တလုံးကြီး ကျောင်းအုပ်ဆရာမကြီးထံက သိရသည်။
ဇော်နိုင်လင်း