ကွန်ဟိန်းမြို့၌ ရက်(၁၀၀)စီမံချက်ဖြင့် မီးဘေးကြိုတင်ကာကွယ်ရေးအတွက် ဌာနဆိုင်ရာရုံးများအား တာဝန်ရှိသူများကွင်းဆင်းစစ်ဆေး

ကွန်ဟိန်း မေ ၂၁

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ နမ့်စန်ခရိုင်၊ ကွန်ဟိန်းမြို့ မီးသတ်ဦးစီးဌာနမှ ရက်(၁၀၀)စီမံချက်ဖြင့် မီးဘေးအန္တာရာယ်ကြိုတင်ကာကွယ်ရေးအတွက် ယနေ့နံနက် (၁၀)နာရီ အချိန်က ဌာနဆိုင်ရာရုံးများအား ကွင်းဆင်းစစ်ဆေးခဲ့သည်။

ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် မြို့နယ်မီးသတ်ဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဦးစိုးမင်းကျော်ဦးဆောင်၍ တပ်ဖွဲ့ဝင်များက ဌာနဆိုင်ရာရုံးများအား မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးအတွက် လျှပ်စစ်မီးကြိုးများနှင့်မီးခလုပ်များအားစစ်ဆေးခြင်း၊ မီးသတ်ဆေးဗူး၊ မီးချိတ်၊ မီးကတ်၊ သဲအိတ်၊ သဲပုံးများ ကနဦးမီးငြိမ်းသတ်ရေးပစ္စည်းများထားရှိခြင်းရှိ/မရှိတို့ကို အသိပညာပေး ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။

 မြို့နယ်(ပြန်/ဆက်)