ပင်းတယမြို့နယ်၊ သရက်ကုန်းကျေးရွာ၌ စက်ချုပ်နည်းပညာသင်တန်းဆင်းပွဲ ကျင်းပ

ပင်းတယ မေ ၂၁

ရှမ်းပြည်နယ်တောင်ပိုင်း၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊  ပင်းတယမြို့နယ်၊ သရက်ကုန်းကျေးရွာ ဘုန်းတော်ကြီးကျောင်း၌ ဒေသအသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ ဖွင့်လှစ်သည့် စက်ချုပ်နည်းပညာသင်တန်း (ပထမ)အကြိမ်ဆင်းပွဲ အခမ်းအနားကို ယနေ့မွန်းလွဲပိုင်း ကျင်းပခဲ့သည်။

ရှေးဦးစွာ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဦးစီးအဖွဲ့ဥက္ကဋ္ဌ ဦးအာကာလင်းကိုယ်စား ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဦးစီးအဖွဲ့ဝင် အလုပ်အမှုဆောင် ဦးဟိန်းထက်ဇော်က အမှာစကားပြောကြားပေးကာ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဦးစီးအဖွဲ့ဝင် အလုပ်အမှုဆောင်များနှင့် တာဝန်ရှိသူများက သင်တန်းသား၊ သင်တန်းသူများအား သင်တန်းထွက်ကုန်ပစ္စည်များ၊ သင်တန်းဆင်းလက်မှတ်ကိုပေးအပ်သည်။

အဆိုပါသင်တန်းအား ဧပြီလ ၂၁ ရက်နေ့မှ မေလ ၂၀ ရက်နေ့အထိ ဖွင့်လှစ်သင်ကြားပေးခဲ့ပြီး၊ သင်တန်းတွင် သရက်ကုန်း၊ ရေချမ်းစင်နှင့် ကျေးတွင်းကုန်းကျေးရွာမှ သင်တန်းသား/သင်တန်းသူ(၁၀)ဦး တက်ရောက်သင်ကြားခဲ့ကြောင်း သိရသည်။

အောင်ကိုဦး(ပြန်/ဆက်)