ရှမ်းပြည်နယ်ကျေးလက်ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ် ပြည်ထောင်စုခွင့်ပြုရန်ပုံငွေဖြင့် ဆောင်ရွက်မည့် လုပ်ငန်းများအတွက် တင်ဒါဖွင့်ပွဲအခမ်းအနားကျင်းပ

တောင်ကြီး မေ ၁၉

ကျေးလက်နေပြည်သူများ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်စေရန် ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ် ပြည်ထောင်စုခွင့်ပြုရန်ပုံငွေဖြင့်ဆောင်ရွက်မည့် လုပ်ငန်းများအတွက် တင်ဒါဖွင့်ပွဲအခမ်းအနားကို ကျေးလက်ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ ရှမ်းပြည်နယ်ရုံးခန်းမ၌ မေလ (၁၉) ရက်နေ့၊ နံနက်ပိုင်းကကျင်းပရာ ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင် ပြည်နယ်စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဦးလင်းအောင်ဆွေ၊ ပြည်နယ်တင်ဒါ လက်ခံရေးနှင့်စိစစ်ရေးကော်မတီအဖွဲ့ဝင်များ၊ ကုမ္ပဏီများမှ တာဝန်ရှိသူများ တက်ရောက် ကြသည်။

ဦးစွာ ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင် ပြည်နယ်စိုက်ပျိုးရေး၊ မွေးမြူ‌ရေးနှင့်ဆည်မြောင်းဝန်ကြီး ဦးလင်းအောင်ဆွေက အဖွင့်အမှာစကားပြောကြားရာတွင် တင်ဒါအဆိုပြုတင်သွင်းလာသည့် ကုမ္ပဏီများ၏ Company Profile နှင့် Technical Proposal များကို စစ်ဆေးသွားမည်ဖြစ်ကြောင်း၊ တင်ဒါစိစစ်ရွေးချယ်ခြင်းအား သတ်မှတ်စည်းကမ်းညွှန်ကြားချက်များနှင့်အညီ တင်ဒါတင်သွင်းသူများ တန်းတူအခွင့်အရေး ရရှိစေရေးအလေးထားစိစစ် ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ပြောကြားသည်။

ထို့နောက် ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာန (ရုံးချုပ်) မှ ညွှန်ကြားရေးမှူး ဦးကျော်စွာအောင်က တင်ဒါနှင့်ပတ်သက်သည့် စည်းမျဉ်းစည်းကမ်းချက်များအား ရှင်းလင်းပြောကြားသည်။ ဆက်လက်၍ ရှမ်းပြည်နယ် (တောင်ပိုင်း) ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ပြည်နယ်ဦးစီးမှူး ဦးမောင်မောင်ဝင်းက တင်ဒါခေါ်ယူခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားပြီး ပြည်နယ်တင်ဒါ လက်ခံရေးနှင့် စိစစ်ရေးကော်တီအဖွဲ့ဝင်များကတင်ဒါ (Company Profile, Technical Proposal)များအား ဖွင့်ဖောက်စိစစ်ကြကြောင်း သိရှိရသည်။

ထက်ဝေ (ပြန်/ဆက်)