မိုင်းယန်းမြို့ခရိုင်နှင့် မြို့နယ်အမျိုးသမီးရေးရာအဖွဲ့တို့ပူးပေါင်း၍ ခြေခံကွန်ပြူတာသင်တန်းဖွင့်လှစ်

မိုင်းယန်း မေ ၁၉

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယန်းခရိုင်၊ မိုင်းယန်းမြို့နယ်အမျိုးသမီးရေးရာအဖွဲ့တို့ပူးပေါင်း၍ ခြေခံကွန်ပြူတာသင်တန်းကို ယမန်နေ့နံနက် ၉ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ဖွင့်လှစ်ကြောင်း သိရသည်။

ရှေးဦးစွာ အခြေခံကွန်ပြူတာသင်တန်း သင်ကြားပို့ချပေးမည့်နည်းပြ ဆရာမ ဒေါ်ခိုင်ခိုင်ဝင်းက အဖွင့်အမှားစကားပြောကြားပြီး မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဝင် ဒေါ်ဇာဇာဝင်းက သင်တန်းဖွင့်လှစ်ရခြင်းရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားသည်။ အဆိုပါ သင်တန်းအား သင်တန်းနည်းပြ(၂)ဦးမှ သင်တန်းကာလ(၂)ပတ်အကြာ သင်ကြားပေးသွားမည်ဖြစ်ရာ သင်တန်းတွင် ကွန်ပြူတာအမျိုးအစားများ၊ ကွန်ပြူတာနှင့်ဆက်စပ်ပစ္စည်းများ၊ ကိုင်ကွယ်အသုံးပြုနည်းများ၊ ကွန်ပြူတာအသုံးပြုသူများသိထားသင့်သည့်အခြေခံအချက်များ၊ ဖိုင်ဖွဲ့နည်းများ၊ ဖိုင်အမျိုးအစား၊ ဖိုင်နာမည်ပေးနည်း၊ အခြေခံလက်ကွက်များနှင့် အခြေခံစာရိုက်နည်းများသင်ကြားပေးသွားမည်ဖြစ်ပြီး တက်ရောက်သူသင်တန်းသား စုစုပေါင်း(၁၂)ဦး တက်ရောက်သင်ကြားလျက်ရှိကြောင်း သိရသည်။

ထွန်းထွန်းထူး