သာစည်မြို့နယ်အတွင်း မိုးသည်းထန်စွာရွာသွန်းမှုကြောင့် မိတ္ထီလာ - တောင်ကြီး ကားလမ်းမတွင်  လမ်းရေကျော်

သာစည်  မေ  ၁၈

န္တလေးတိုင်းဒေသကြီး မိတ္ထီလာခရိုင်၊ သာစည်မြို့နယ်တွင် မေ ၁၈ ရက်က မိုးသည်းထန်စွာရွာသွန်းခဲ့ပြီး‌ တောင်ကျရေများစီးဆင်းလာမှုကြောင့်  မိတ္ထီလာ - တောင်ကြီး ကားလမ်းမတွင်  လမ်းရေကျော်မှုဖြစ်ပွားခဲ့ရာ တာဝန်ရှိသူများက ယနေ့နံနက် ၉ နာရီက ကွင်းဆင်းကြည့်ရှု စစ်ဆေးခဲ့ကြောင်း မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီထံမှ သိရသည်။

မိုးသည်းထန်စွာရွာသွန်းခဲ့ပြီး‌ တောင်ကျရေများစီးဆင်းလာမှုကြောင့် လှိုင်းတက်ကျေးရွာအုပ်စု၊ မယ်ဇလီကန်ကျေးရွာအနီး၊ မိတ္ထီလာ - တောင်ကြီးကားလမ်း မိုင်တိုင်အမှတ် ၅/၂၃ နှင့် ၅/၂၄ ကြား ကားလမ်းအရှည်‌ ပေ ၄၀၀ ခန့်တွင် ၁ပေ ခန့် ရေကျော်မှုဖြစ်ပွားခဲ့ရာ အဆိုပါရေကျော်မှုဖြစ်ပွားရာနေရာသို့  မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီ ဥက္ကဌ ဦးမျိုးသက်ကျော်နှင့် အဖွဲဝင်များ၊ မြိုနယ်မီးသတ်ဦးစီးဌာနမှ ဦးစီးအရာရှိ ဦးထွန်းထွန်းဝင်း နှင့် တပ်ဖွဲ့ဝင်များသွားရောက်၍ ယာဉ်များပုံမှန်သွားလာနိုင်ရေးနှင့် လမ်းပန်းဆက်သွယ်ရေးပြတ်တောက်မှု မရှိစေရေး  ကြီးကြပ်ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

မြို့နယ်ပြန်/ဆက်