ကျောက်တလုံး မေ ၁၈
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးခရိုင်၊ ကျောက်တလုံးကြီးမြို့၌ မူးယစ်ဆေးဝါးအန္တရာယ် အသိပညာပေးနံရံကပ်စာစောင်ကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာနတွင် ယနေ့နံနက် ၁၀ နာရီက ပြသသည်။
မူးယစ်ဆေးဝါးအန္တရာယ် အသိပညာပေးနံရံကပ်စာစောင်တွင် မူးယစ်ဆေး၏အဓိပ္ပါယ်၊ မူးယစ်ဆေးအမျိုးအစားများ၊ မူးယစ်ဆေးသုံးစွဲသူ၏လက္ခဏာများ၊ မူးယစ်ဆေးသုံးစွဲရသည့်အကြောင်းအရင်းများ၊ မူးယစ်ဆေး၏ဆိုးကျိုးများ၊ မူးယစ်ဆေးနှင့်ပတ်သက်၍ ချမှတ်နိုင်သော ပြစ်မှုပြစ်ဒဏ်များစသည်တို့ကို ထည့်သွင်းဖော်ပြထားပြီး ပြည်သူများ စာပေဖတ်ရှုသည့်အလေ့အကျင့်ကောင်းများ ရရှိစေရေး စာအုပ်စာစောင်ပြပွဲကို ဆက်လက်ကျင်းပကြောင်းနှင့် အဆိုပါနံရံကပ်စာစောင်နှင့် စာအုပ်စာစောင်ပြပွဲသို့ ကျောက်တလုံးကြီးမြို့ရှိ ဒေသခံပြည်သူများနှင့် ကလေးသူငယ်များလာရောက်လေ့လာဖတ်ရှုကြကြောင်း သိရသည်။
ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် ပြည်သူများ အသိပညာဗဟုသုတရရှိစေရန် အသိပညာပေးလုပ်ငန်းများကို လစဉ်ဆောင်ရွက်လျက်ရှိပြီး လူငယ်များစာပေဖတ်ရှုသည့်အလေ့အကျင့်ကောင်းများ ရင့်သန်လာစေရန် စာဖတ်ရှိန်မြှင့်တင်ရေးပြပွဲများအပြင် နယ်လှည့်စာကြည့်တိုက် Mobile Library စနစ်ဖြင့် စာအုပ်စာစောင်များ ငှားရမ်းဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ဇော်နိုင်လင်း