လဲချားမြို့၌ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး သရုပ်ပြဇာတ်တိုက်လေ့ကျင့်

လဲချား မေ ၁၈

ရှမ်းပြည်နယ် (တောင်ပိုင်း)၊ လဲချားမြို့၌ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးနှင့် မီးဘေးလုံခြုံမှုရှိစေရန်အတွက် မီးငြှိမ်းသတ်မှု လက်တွေ့သရုပ်ပြလေ့ကျင့်ခြင်းကို ယနေ့ နံနက် (၁၀) နာရီအချိန်က အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးတွင် ဆောင်ရွက်ခဲ့သည်။

ရှေးဦးစွာ မီးဘေးကြိုတင်ကာကွယ်ရေး သရုပ်ပြလေ့ကျင့်ခြင်းကို မီးသတ်ဦးစီးမှူး၏ အနီးကပ်ကြီးကြပ်မှုဖြင့် မြို့နယ်မီးသတ်စခန်းမှ ဒုတိယမီးသတ်ဦးစီးမှူးနှင့် တပ်ဖွဲ့ဝင်များက ထွေအုပ်ရုံး၌ တပ်ဆင်ထားရှိသည့် မီးဘေးလုံခြုံရေးပစ္စည်းများအား လိုက်လံစစ်ဆေးခြင်း၊ ဂက်စ်အိုးမီးငြှိမ်းသတ်ခြင်း၊ ဆီမီးငြှိမ်းသတ်ခြင်း၊ မီးသတ်ရေယာဉ်၊ မီးသတ်စက်များဖြင့် ရေပက်ဖြန်းခြင်းစသည့် မီးငြှိမ်းသတ်နည်းများကို လက်တွေ့သရုပ်ပြသလေ့ကျင့်ခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)