နောင်တရားမြို့၌ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ ရွေးချယ်နိုင်ရေးကြီးကြပ်ရေးအဖွဲ့ ရွေးချယ်ဖွဲ့စည်း

နောင်တရား မေ ၁၈

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်းလောင်းမြို့နယ်၊ နောင်တရားမြို့တွင် ရပ်ကွက်(၃)ရပ်ကွက်ရှိ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ ရွေးချယ်နိုင်ရန်အတွက် ကြီးကြပ်ရေးအဖွဲ့များဖွဲ့စည်းခြင်းကို ရတနာရန်နိုင်စေတီတော်ဓမ္မာရုံ၌ ယနေ့နံနက် ၁၀ နာရီခွဲက ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ မြို့အုပ်ချုပ်ရေးမှူး ဦးအယ်အောင်ဒင်မိုင်က အမှာစကားပြောကြားကာ ကြီးကြပ်ရေးအဖွဲ့၏ဆောင်ရွက်ရမည့်အချက်များ/လုပ်ငန်းစဉ်များ၊ လုပ်ငန်းတာဝန်များ၊ ရှိရမည့်အရည်အချင်းများနှင့် ဥပဒေ၊ နည်းဥပဒေများအား ရှင်းလင်းပြောကြားပြီး တက်ရောက်လာကြသည့် ဒေသခံပြည်သူများမှ ကြီးကြပ်ရေးအဖွဲ့(၅)ဦးအား အများသဘောတူဆန္ဒမဲစနစ်ဖြင့် ရွေးချယ်ဖွဲ့စည်းခဲ့ကြောင်း သိရသည်။

ခွန်အောင်(နောင်တရား)