မိုင်းခုတ် မေ ၁၈
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်ခရိုင်၊ မိုင်းခုတ်မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန(community center) ခန်းမတွင် ယနေ့နံနက် ၁၀ နာရီခွဲက စစ်တုရင်ပြိုင်ပွဲပြုလုပ်ခဲ့ကြောင်း သိရသည်။
စစ်တုရင်ပြိုင်ပွဲသို့ မိုင်းခုတ်မြို့ရှိ ကျောင်းသားများပျော်ရွှင်စွာပါဝင်ယှဉ်ပြိုင်ခဲ့သည်။ အဆိုပါ စစ်တုရင်ပြိုင်ပွဲသို့ဝင်ရောက်ယှဥ်ပြိုင်ခဲ့သည့် ကျောင်းသားများအား ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများက မုန့်များပေးဝေခဲ့ကြောင်း သိရသည်။
ခင်သန္တာအောင်(ပြန်/ဆက်)