မြဝတီ မေ ၁၇
ကရင်ပြည်နယ် မြဝတီခရိုင် မြဝတီမြို့တွင် ၂၀၂၆ -၂၀၂၇ ပညာသင်နှစ် ကျောင်းအပ်နှံရေး ရက်သတ္တပတ်ကာလအတွင်း ကျောင်းအပ်နှံမည့်လုပ်ငန်းစဉ်များကို သိရှိနားလည် သဘောပေါက် ကြစေရန်နှင့်ရပ်ရွာဒေသများအတွင်း ကျောင်းအပ်နှံနိုင်မည့် စာသင်အရွယ်အပိုင်းအခြားရှိ ကလေးများအားလုံးကျန်ရှိမှုမရှိစေရန် ရည်ရွယ်၍ ယမန်နေ့နံနက်၉နာရီက စုရပ်အလိုက် လက်ကမ်းစာစောင် များဖြန့်ဝေ၍ Campaing ဆောင်ရွက်သည်။
ထိုသို့ဆောင်ရွက်ရာတွင် ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌ ဦးကောင်းစံလင်း ကြီးကြပ်၍ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးဇော်မော်အောင်၊ ခရိုင်ပညာရေးမှူး ဦးစောဝါးလယ်ထူး၊ မြို့နယ်ပညာရေးမှူး ဦးမိုးကျော်၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဒုတိယညွှန်ကြားရေးမှူး ဦးကျော်ကျော် ဦးနှင့် ဌာနဆိုင်ရာမှ တာဝန်ရှိသူများ၊ နယ်မြေခံတပ်ရင်းတပ်ဖွဲ့ဝင်များ၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှဝန်ထမ်းများ၊ ဆရာ၊ ဆရာမများ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ မြို့နယ်မီးသတ်တပ်ဖွဲ့များ၊ ကြက်ခြေနီတပ်ဖွဲ့များ၊ မြို့နယ် အမျိုးသမီးရေးရာ၊ မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအဖွဲ့ဝင်များ၊ လူမှုရေးအသင်းအဖွဲ့များ ပူးပေါင်း၍အမှတ် (၁)ရပ်ကွက်ရှိ အမှတ်(၁) အခြေခံပညာ အထက်တန်း(ခွဲ)ကျောင်း၊ အမှတ်(၃) ရပ်ကွက်ရှိ အမှတ် (၃)အခြေခံပညာအထက်တန်း (ခွဲ)ကျောင်း၊ အမှတ်(၄)ရပ်ကွက်ရှိ အောင်မြေရွှေဘုံ အထက်တန်းကျောင်းပတ်ဝန်းကျင်များရှိ ခရီးသွားပြည်သူများကို "နိုင်ငံတော်စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ဖို့ ကျောင်းနေအရွယ်ကလေးအားလုံး ကျောင်းအပ်နှံစို့” လက်ကမ်းစာစောင်များကို ဖြန့်ဝေခဲ့ကြကြောင်း သိရသည်။
ဆောင်းနှင်းဖြူ (ပြန်/ဆက်)