ကြာအင်းဆိပ်ကြီး မေ ၁၇
ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးတွင် KG+9 အဆင့်ထိ ပညာသင်ကြားနိုင်ရေးအတွက် အသက်(၅)နှစ်ပြည့်မည့် ကျောင်းနေရွယ်ကလေးများစာရင်းကို ယမန်နေ့နံနက်ပိုင်းမှစတင်ကာ မြို့ပေါ်(၆)ရပ်ကွက်အတွင်း ရပ်ကွက်အလိုက် door to door တစ်အိမ်တက်ဆင်း၍ ပညာရေးဝန်ထမ်းများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် စာရေးဝန်ထမ်းများ၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနမှ ဝန်ထမ်းများက စာရင်းကောက်ယူလျက်ရှိသည်။
ထိုသို့ စာရင်းကောက်ယူမှုကို စစ်ဗျူဟာမှူး၊ စစ်ဗျူဟာအခြေချ (ကြာအင်းဆိပ်ကြီး)၊ ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာ အကြီးအကဲများမှ လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ပြီး လိုအပ်သည်များ လမ်းညွှန်မှာကြားခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)