ကော့ကရိတ်မြို့ပြန်လည်ထူထောင်ရေးနှင့်အခြေခံပညာကျောင်းများဖွင့်လှစ်နိုင်ရေး  ဆွေးနွေး

ကော့ကရိတ် မေ ၁

ကော့ကရိတ်မြို့ပြန်လည်ထူထောင်ရေးလုပ်ငန်းနှင့် ၂၀၂၆_၂၀၂၇ပညာသင်နှစ်၊ အခြေခံပညာကျောင်းများဖွင့်လှစ်နိုင်ရေးအတွက် ကရင်ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူး၊ ပြည်နယ်အုပ်ချုပ်ရေးမှူး ဦးမင်းရွှေက မေ ၁၅ ရက် နံနက် ၈နာရီက အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်းရုံးခန်းမ၌  ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခင်နီနီအောင်၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးအောင် မြင့်သိန်း၊ခေတ္တခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးမိုးကျော်အောင်၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဌ ဦးကျော် ကျော်ဦး၊ ခရိုင်ပညာရေးမှူ ဦးခွန်အောင်မျိုးဆွေ၊ မြို့နယ်ပညာရေးမှူး ဒေါ်ရီရီခိုင်၊ အထက-၂ကျောင်းအုပ်ဆရာမကြီး ဒေါ်အိအိမွန်၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် တွေ့ဆုံကာ အခြေခံကျောင်းများဖွင့်လှစ်နိုင်ရေးအတွက် ဆောင်ရွက်ထားရှိမှု၊ လိုအပ်သည်များ လမ်းညွှန် မှာကြားခဲ့ပြီး ကျောင်းဝန်းအတွင်း လိုက်လံကြည့်ရှုသည်။

ဆက်လက်၍ ပြည်နယ်အုပ်ချုပ်ရေးမှူးက ရပ်ကွက်အတွင်းရှိ စာသင်ကျောင်းများ၊ မီးလောင်ပျက်စီးထား သည့်နေအိမ်များအား လိုက်လံကြည့်ရှုခဲ့ပြီး အထက(၁)ကျောင်း၌ ဖွင့်လှစ်နေသည့် ၂၀၂၆-၂၀၂၇ပညာသင်နှစ် KGGrade-1 သင်ပြနည်းစနစ်နှင့်မူကြိုသင်ပြနည်းစနစ် ချိတ်ဆက်ဆောင်ရွက်နိုင်ရေးအတွက် ရှေးဦးအရွယ် ကလေးသူငယ်ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးဆိုင်ရာမြို့နယ်ဆင့်ပွားသင်တန်းသို့ တက်ရောက်လျက်ရှိ သော ဆရာ/ဆရာမများအား တွေ့ဆုံ၍ အားပေးစကားပြောကြားခဲ့သည်။

ပြီးနောက် အမှတ်(၇)ရပ်ကွက်၊ ဒေါနလမ်းရှိ ထောက်ပံ့ရေးပစ္စည်းများထားရှိသည့် သမဝါယမဂိုဒေါင်အား သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ပြီး ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီရုံး ခန်းမ၌ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများအား တွေ့ဆုံကာ ၂၀၂၆-၂၀၂၇ပညာသင်နှစ်၊ အခြေခံပညာကျောင်းများ ဖွင့်လှစ်နိုင်ရေး၊ ကျောင်းအပ်နှံနိုင်ရေး၊ မြို့ပြန်လည်ထူထောင်ရေးနှင့် ပြန်လည်နေရာချထားနိုင်ရေးလုပ်ငန်း စဉ်များနှင့်ပတ်သက်၍ ဆွေးနွေးလမ်းညွှန်မှာကြားခဲ့ပြီး ဌာနဆိုင်ရာဝန်ထမ်းများအား ထောက်ပံ့ရေးပစ္စည်းများ ပေးအပ်ခဲ့ကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)