တီးတိန်မြို့၌ နိုင်ငံ့ဝန်ထမ်းများနှင့် ယာယီနေရပ်စွန့်ခွာပြည်သူများ ကျန်းမာရေးစောင့်ရှောက်မှုဆောင်ရွက်ပေး

တီးတိန် မေ ၁၆

ချင်းပြည်နယ်၊ တီးတိန်မြို့၌ ကုတင် ၁၀၀ ဆံ့ ပြည်သူ့ဆေးရုံအုပ်နှင့် ကျန်းမာ‌ရေးဝန်ထမ်းများက ယမန်နေ့နံနက်ပိုင်းတွင် မြို့နယ်အ‌ထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ နားနေဆောင်တွင် နိုင်ငံ့ဝန်ထမ်းများနှင့် ယာယီနေရပ်စွန့်ခွာပြည်သူများ အခမဲ့ကျန်းမာရေးစောင့်ရှောက်မှု ဆောင်ရွက်ပေးခဲ့သည်။

ထိုသို့ကျန်းမာရေးစောင့်ရှောက်မှု ဆောင်ရွက်ရာတွင် မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးဖြိုးဝင်းသန်းနှင့်အဖွဲ့ဝင်များ၊ မြို့နယ်မိခင်နှင့်ကလေး စောင့်ရှောက်ရေးအသင်းနှင့် မြို့နယ်အမျိုးသမီးရေးရာအဖွဲ့တို့ ပူးပေါင်းပါဝင်ဆောင်ရွက် ကြကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)