ကွန်ဟိန်းမြို့၊ လူထုအခြေပြုဗဟိုဌာန၌ သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေး ဟောပြောပွဲ ဆောင်ရွက်

ကွန်ဟိန်း မေ ၁၅  

ရှမ်းပြည်နယ်(တောင်ပိုင်း) နမ့်စန်ခရိုင်၊ ကွန်ဟိန်းမြို့၊ လူထုအခြေပြုဗဟိုဌာန၌  သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဟောပြောပွဲအား ယနေ့နံနက် ၉ နာရီက ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ ပြန်ကြားရေးနှင်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဦးခွန်ရဲထွေးက ငလျှင်ဘေးအန္တရာယ်ဆိုင်ရာအကြောင်းအရာများ၊ လေဘေ၊ မုန်တိုင်းဘေး၊ သဘာဝဘေးအန္တရာယ်ဆိုင်ရာအကြောင်းအရာများကိုလည်းကောင်း အသိပညာပေးဟောပြောခဲ့ကြောင်း သိရသည်။

ထိုနောက် ဟောပြောပွဲသို့ တက်ရောက်လာသော ပြည်သူများက သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးနံရံကပ်စာစောင်များ ကြည့်ရှုခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)