မိုင်းရယ် မေ ၁၅
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မိုင်းရယ်မြိုနယ်အတွင်းရှိ ရပ်ကွက်နှင့်ကျေးရွာအုပ်စုများ၌ အုပ်ချုပ်ရေးမှူးအသစ်များ ရွေးချယ်ရာတွင် ကြီးကြပ်နိုင်ရေးအတွက်ကြီးကြပ်ရေးအဖွဲဝင်များ ရွေးချယ်ခြင်းကို ယမန်နေ့ နံနက် ၁၀ နာရီက အမှတ်(၁)ရပ်ကွက်၊ ဇိနမာန်အောင် ဘုန်းတာ်ကြီး ကျောင်းတိုက်၌ ပြုလုပ်သည်။
မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီအဖွဲဝင် မြိုနယ်စီမံကိန်းဦးစီးဌာန၊ မြိုနယ်ဦးစီးမှူး ဦးလှိုင်ဘွားနှင့် မြိုနယ်ဥပဒေအရာရှိ ဦးတေဇာထက်အောင်တို့က ကြီးကြပ်ရေးအဖွဲရွေးချယ်ခြင်းဆိုင်ရာလုပ်ငန်းတာဝန်များ၊ စည်းမျဉ်း စည်းကမ်းနှင့် ဥပဒေများကို ရှင်းလင်း ပြောကြားသည်။
ထိုနောက် မြိုနယ်ကွင်းဆင်းရွေးချယ်ရေးအဖွဲကရပ်ကွက်နှင့် ကျေးရွာအုပ်ရေးမှူးအသစ်များ ရွေးချယ်ခန့်ထားနိုင်ရေးအတွက် အမှတ်(၁)ရပ်ကွက်ရှိ အိမ်ထောင်စုကိုယ်စားလှယ်များမှ အများကြည်ညိုလေးစားပြီး ဩဇာတိက္ကမရှိသူ (၅)ဦးကို ကြီးကြပ်ရေးအဖွဲ့ဝင်များအဖြစ် စိစစ်ရွေးချယ်ခဲ့ကြသည်။
မိုင်းရယ်ပြန်/ဆက်