မိုးနဲမြို့၌ ရှေးဦးအရွယ်ကလေးသူငယ်ပြုစုစောင့်ရှောက်ရေးနှင့် ဖွံ့ဖြိုးရေးဆိုင်ရာ မြို့နယ်အဆင့် ဆင့်ပွားသင်တန်းဖွင့်လှစ်သင်ကြား

မိုးနဲ မေ ၁၅

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ မိုးနဲမြို့နယ်တွင် (KG)နှင့် (Grade-1) သင်ပြနည်းစနစ် ချိတ်ဆက်ဆောင်ရွက်ရေးအတွက် ရှေးဦးအရွယ်ကလေးသူငယ်ပြုစုစောင့်ရှောက်ရေးနှင့် ဖွံ့ဖြိုးရေးဆိုင်ရာ မြို့နယ်အဆင့်-ဆင့်ပွားသင်တန်းကို ယမန်နေ့က အ.ထ.က(မိုးနဲ)ရှိ ပုလဲဆောင်ခန်းမ၌ ဖွင့်လှစ်သင်ကြားလျက်ရှိကြောင်း သိရသည်။

အဆိုပါ သင်တန်းကို မေလ  ၁၄ ရက်မှ ၂၄ ရက်နေ့အထိ  ECCD  Policy, Chid  Right  Law , Child  Protection ၊ ကလေးစိတ်ပညာ၊ သင်ယူမှုအခြေခံအုတ်မြစ်များ၊ ကလေးများအား ကြည့်ရှုလေ့လာခြင်း၊ ECCD သဘောသဘာဝနှင့် (Grade-1) ဘာသာရပ်များ ချိတ်ဆက်ခြင်းစသည့် ဘာသာရပ်များကို ဆွေးနွေးပို့ချသွားမည်ဖြစ်ပြီး သင်တန်းသို့  ဆရာ၊  ဆရာမ(၁၀၃) ဦးကို နည်းပြ(၄) ဦးက ပို့ချပေးလျက်ရှိကြောင်း သိရသည်။

မျိုးညွန့်ရွှေ(မိုးနဲ)