မိုင်းစံ မေ ၁၅
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ မိုင်းရှူးခရိုင်၊ မိုင်းစံမြို့တွင် ကျောင်းသားလူငယ်များ ဗလငါးတန်ဖွံ့ဖြိုးတိုးတက်လာစေရန်နှင့် ကျောင်းပိတ်ရက်အားလပ်ချိန်တွင် အကျိုးရှိစွာ အသုံးချတတ်စေရန် ရည်ရွယ်၍ ရုပ်ပုံဆက်ပြိုင်ပွဲကို ယနေ့နံနက် ၉ နာရီအချိန်က လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမ၌ ကျင်းပခဲ့သည်။
ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဒုတိယဦးစီးမှူး ဒေါ်အိဇာချိုက ပြိုင်ပွဲပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်များကို ပြောကြားပြီး ရုပ်ပုံဆက်ပြိုင်ပွဲကို ကျင်းပခဲ့ရာ ကျောင်းသား/ကျောင်းသူ(၁၄)ဦးတို့ ပါဝင်ယှဉ်ပြိုင်ကြပြီး ဆုရရှိသူများကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများက ဆုများအသီးသီးပေးအပ်ခဲ့ကြောင်း သိရသည်။
မိုင်းစံမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် လူငယ်များ ဗလငါးတန် ဖွံ့ဖြိုးရေးသင်တန်းများ စာဖတ်ဝိုင်းများ၊ ပြပွဲပြိုင်ပွဲများ၊ လူငယ်ရေးရာဟောပြောပွဲများကို အစဉ်သဖြင့် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
မိုင်းစံ(ပြန်/ဆက်)