မိုင်းယု မေ ၁၅
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယောင်းခရိုင်၊ မိုင်းယောင်းမြို့နယ် ဝမ်ထန်ကျန့်ကျေးရွာအုပ်စု၊ ကော်ဆမ်မိန်းကျေးရွာ၌ သဘာဝရေထွက်တော၊ သဘာဝရေထိန်းတောနှင့် ကြားခံဧရိယာသတ်မှတ်ခြင်းနှင့်စပ်လျဉ်း၍ လျာထားနေရာအား ယမန်နေ့က တာဝန်ရှိသူများက ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့သည်။
အဆိုပါ ကွင်းဆင်းကြည့်ရှုစစ်ဆေးရာသို့ မြို့အုပ်ချုပ်ရေးမှူးဦးလောထွေး၊ သစ်တောဦးစီးဌာန၊ ကြေးတိုင်နှင့်မြေစာရင်းဦးစီးဌာန၊ စိုက်ပျိုးရေးဦးစီးဌာနတို့မှတာဝန်ရှိသူများ၊ ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးနှင့်ရပ်မိရပ်ဖများက ယင်းကျေးရွာရှိ ဆမ်မိန်းခန်းမဆောင်၌ သဘာဝရေထွက်တော၊ သဘာဝရေထိန်းတော၊ ကြားခံဧရိယာသတ်မှတ်ခြင်းနှင့်စပ်လျဉ်း၍ လျာထားနေရာများ၊ သစ်ဆွေးမြေဩဇာ၊ မျိုးစေ့များ၊ ပျိုးပင်များဖြန့်ဖြူးခြင်း၊ မိုးပဲပုတ်၊ အစေ့ထုတ်ပြောင်း၊ မြေပဲနှင့် မိုးစပါးစိုက်ပျိုးဆောင်ရွက်မှုတို့နှင့်စပ်လျဉ်း၍ ဆမ်မိန်းကျေးရွာသူ/ကျေးရွာသားတို့အား ရှင်းလင်းဆွေးနွေး ခဲ့သည်။
ထို့နောက် မြို့အုပ်ချုပ်ရေးမှူးနှင့်တာဝန်ရှိသူများ၊ ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးနှင့် ရပ်မိရပ်ဖများက Google Map မြေပုံ၊ တည်နေရာပြမြေပုံ၊ သဘာဝရေထွက်တောထိန်းသိမ်းရေးဧရိယာ၊ အမာခံနယ်မြေ၊ ကြားခံနယ်မြေဧရိယာသတ်မှတ်ခြင်းစသည့် ရေအရင်းအမြစ်ရေရှည်တည်တံ့ရေး၊ သဘာဝပတ်ဝန်းကျင်နှင့် သဘာဝရေထွက်တော၊ ရေထိန်းတောထိန်းသိမ်းခြင်းနှင့်စပ်လျဉ်း၍ လျာထားနေရာအား ကွင်းဆင်းကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက်ပေးသည်။
ကိုကိုနိုင်