ထားဝယ် မေ ၁၃
နိုင်ငံတော်အစိုးရ၏ရက် ၁၀၀ ကာလအတွင်းတနင်္သာရီတိုင်းဒေသကြီးသစ်တောဦးစီးဌာန က ပြည်သူများအတွက် မိုးရာသီအကြို ပျိုးဥယျာဉ်တွင် ပြင်ဆင်ထားရှိမှုများနှင့် သစ်ပင်စိုက်ပျိုးပွဲတော်အတွက် ပြင်ဆင်ထားရှိမှုများအား မေ ၁၃ ရက် မွန်းလွဲတွင် တိုင်းဒေသကြီသယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီး ဦသိန်းလွင်နှင့် တာဝန်ရှိသူများက ကြည့်ရှုသည်။
ဦးစွာ တိုင်းဒေသကြီးသယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဦးသိန်းလွင်က ဌာနဆိုင်ရာများနှင့် ပြည်သူများအတွက် သစ်တောဦးစီးဌာနပိုင်ပျိုးဥယျာဉ်တွင် သစ်ပင်ပျိုးပင်များစိုက်ပျိုးထားရှိမှုများနှင့် မိုးရာသီအကြို စိုက်ပျိုးမည့်ပျိုးပင်များအား လှည့်လည်ကြည့်ရှုပြီးလိုအပ်သည်များကို တာဝန်ရှိသူများအား မှာကြားသည်။
ထို့နောက် တိုင်းဒေသကြီးဝန်ကြီးက တိုင်းဒေသကြီးလွှတ်တော်ရုံးဝင်းအတွင်း မိုးရာသီအကြို သစ်ပင်စိုက်ပျိုးပွဲတော်အတွက် ပြင်ဆင်ဆောင်ရွက်ထားရှိမှုအခြေအနေများအား လှည့်လည်ကြည့်ရှု သည်။
ထားဝယ်မြို့၊ ပျိုးဥယျာဉ်၌ ၂၀၂၆-၂၀၂၇ ဘဏ္ဍာနှစ်၊ ရက်ပေါင်း(၁၀၀)အတွင်း မိုးရာသီစိုက်ပျိုးမည့် လူထုဖြန့်ပျိုးပင် သစ်မျိုး(၁၁)မျိုး၊ ပျိုးပင်အရေအတွက်(၄၀၀၀၀) စိုက်ပျိုးမည်ဖြစ်ကြောင်းနှင့် တိုင်းဒေသကြီးအတွင်း ပျိုးပင်(၂၅၀၀၀၀)၊ ပျိုးထောင်ထားရှိကြောင်း သိရသည်။
တိုင်းဒေသကြီး(ပြန်/ဆက်)