ဘုတ်ပြင်းမြို့နယ်၌ ကျွဲ၊ နွား၊ ဝက်၊ ဆိတ်၊ ကြက်နှင့် အခြားအိမ်မွေးတိရစ္ဆာန်များ ကာကွယ်/ကုသခြင်းလုပ်ငန်းကွင်းဆင်းဆောင်ရွက်

ဘုတ်ပြင်း မေ ၁၃

တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းခရိုင်၊ ဘုတ်ပြင်းမြို့နယ်တွင် ရက်(၁၀၀) စီမံချက်ဖြင့် ကျွဲ၊ နွား၊ ဝက်၊ ဆိတ်၊ ကြက်များ ကာကွယ်/ကုသ ခြင်းလုပ်ငန်းများကို အခမဲ့ထိုးနှံပေးခြင်းနှင့် တိရစ္ဆာန်ကျန်းမာရေးဆိုင်ရာ အသိပညာပေးခြင်းကို မေလ ၁၃ ရက်နေ့က အတွင်းဘုတ်ပြင်းကျေးရွာအုပ်စု၊ ကရိုင်တိုင်ကျေးရွာ၌ကွင်းဆင်း ဆောင်ရွက်လျက်ရှိသည်။

မြို့နယ်မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနမှ ဒေါက်တာ အေးမင်းထွေးနှင့်ဝန်ထမ်းများသည့်  ကျွဲ၊ နွား လည်ချောင်းကွဲရောဂါ ကာကွယ်ဆေး၊ ကြက်  လည်လိမ်ရောဂါနှင့် ဝမ်းကျရောဂါကာကွယ်ရေး၊ ဝက်ဝမ်းကျရောဂါကာကွယ်ဆေးတို့ အခမဲ့ ဆေးထိုးနှံပေးခြင်း၊ ကုသပေးခြင်းနှင့် မွေးမြူရေးလုပ်ငန်း လုပ်ကိုင်နေသူများကို တိရစ္ဆာန်ကျန်းမာရေးဆိုင်ရာ အသိပညာပြောကြားပြီး ကျွဲ၊ နွား(၅၀)ကောင်၊ ဝက်(၁၁၅)ကောင်၊ ဆိတ်(၆၀)ကောင်နှင့် ကြက်(၄၂၀)ကောင်အား ကာကွယ်/ကုသဆေးထိုးနှံပေးခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)