ကျွန်းစု မေ ၁၂
တနင်္သာရီတိုင်းဒေသကြီး၊ ကျွန်းစုမြို့နယ်တွင် ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ်၊ မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက အသက်မွေးဝမ်းကျောင်း အထောက်အကူပြုပညာ အခြေခံအပ်ချုပ်စက်သင်တန်း ၄၅ ရက် သင်တန်းကို ဖွင့်လှစ်သင်ကြားမည်ဖြစ်ရာ ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၁၀ နာရီခွဲက ကမ်းကြီးကျေးရွာ၌ ကျင်းပသည်။
ဖွင့်ပွဲအခမ်းအနားတွင် မြိတ်ခရိုင်၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ ခရိုင်ဦးစီးမှူး ဒေါ်တင်တင်စိုးက အဖွင့်အမှာစကားပြောကြားခဲ့ပြီး မြို့နယ်ဦးစီးမှူး ဒေါ်နှင်းသန္တာက သင်တန်းဖွင့်လှစ်ခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့သည်။
ထို့နောက် သင်တန်းနည်းပြ ဒေါ်ဇင်မာလင်းက သင်တန်းတွင် ပို့ချမည့် သင်ခန်းစာများနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့ပြီး အမှတ် တရ စုပေါင်းမှတ်တမ်းဓာတ်ပုံများ ရိုက်ကူး၍ အခမ်းအနားကို ရုပ်သိမ်းခဲ့သည်။
သင်တန်းကို ပြည်သူများ အလုပ်အကိုင်အခွင့်အလမ်းရရှိပြီး မိသားစုဝင်ငွေတိုးပွားလာစေရန်နှင့် တစ်နိုင်တစ်ပိုင် စီးပွားရေးလုပ်ငန်း လုပ်ကိုင်လာနိုင်စေရန် ရည်ရွယ်၍ ဖွင့်လှစ်ခြင်းဖြစ်ပြီး မေလ ၁၂ ရက်နေ့မှ ဇွန်လ ၂၅ ရက်နေ့အထိ ၄၅ ရက် ကြာ သင်ကြားမည်ဖြစ်ပြီး သင်တန်းသူ ၂၀ ဦးအား စာတွေ့လက်တွေ့ အခမဲ့ ဖွင့်လှစ်သင်ကြားသွားမည်ဖြစ်ကြောင်း သိရသည်။
ထက်မြင့်(ကျွန်းစု)