သရက်ချောင်း မေ ၁၂
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်၊ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ ရက်(၁၀၀)စီမံချက်ဖြင့် ယနေ့နံနက်ပိုင်းက သရက်ချောင်းမြို့၊ ပန်းတောရပ်ကွက်ရှိ နို့စားနွားများနှင့် ဒေသနွား ၈၀ ကောင်အား ကာကွယ်ဆေးထိုးနှံပေးခဲ့ကြောင်း သိရသည်။
ထိုသို့ဆောင်ရွက်ပေးရာတွင် သရက်ချောင်းမြို့နယ်၊ မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနမှဦးစီးဌာနမှူး ဒေါက်တာလမင်းကိုကိုနှင့် ဝန်ထမ်းများက ပန်းတောရပ်ကွက်ရှိ နို့စားနွားမွေးမြူရေးလုပ်ငန်းများလုပ်ကိုင်သည့် ပြည်သူများနှင့် တစ်ပိုင်တစ်နိုင် ဒေသနွားမွေးမြူသောပြည်သူများအား နို့စားနွားမွေးမြူရေးဆိုင်ရာသိကောင်းစရာများကို အသိပညာပေးဟောပြောပြီးနောက် နို့စားနွားနှင့် ဒေသနွား ၈၀ ကောင်အား ကာကွယ်ဆေးထိုးနှံပေးခဲ့ကြောင်း မြို့နယ်မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနမှ ဦးစီးမှူး ဒေါက်တာလမင်းကိုကိုထံမှ သိရသည်။
ပြည့်ဖြိုးပိုင်(ပြန်/ဆက်)