မိုင်းစံမြို့ လူထုအခြေပြုဗဟိုဌာန(ခန်းမ)၌ အပူဒဏ်ကာကွယ်ရေး အသိပညာပေးဟောပြောပွဲနှင့် စာအုပ်/စာစောင်ပြပွဲ ကျင်းပ

မိုင်းစံ မေ ၁၂

ရှမ်းပြည်နယ်(တောင်ပိုင်း) မိုင်းရှူးခရိုင်၊ မိုင်းစံမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့ဦးစီးမှူး ဒေါ်အိဇာချိုက မိမိတို့ဌာနအနေဖြင့် ပြည်သူကို ဝန်ဆောင်ပေးနေသည့် ဌာနဖြစ်ကြောင်း စာကြည့်တိုက်သို့ လူကြီး၊လူငယ်၊လူလတ်မရွေး ဝင်ထွက်သွားလာလို့ရကြောင်း၊ စာကြည့်တိုက်သို့လာရောက်ရန် အခက်အခဲရှိနေသည့် စာဖတ်ပရိတ်သတ်များသို့ လက်ဝယ်အရောက်စာငှားစနစ်ဖြင့်ဆောင်ရွက်ပေးနေကြောင်း စာကြည့်တိုက်ကိုအသုံးချတတ်စေရန် စာဖတ်ခြင်းဖြင့်အကောင်းအဆုံး အမှားနှင့်အမှန်ကို ခွဲခြားတတ်စေရန်ရည်ရွယ်၍ ဆောင်ရွက်ပေးခြင်းဖြစ်ကြောင်းပြောကြားပြီး ဆက်လက်၍ နွေရာသီကာလရောက်ရှိနေသောကြောင့် အပူဒဏ်ကာကွယ်ရေးနည်းလမ်းများ၊ အပူရှိန်ပြင်းထန်သောကြောင့် ခံစားရသောလက္ခဏာများကြောင်းကို ယနေ့နံနက် ၁၁ နာရီအချိန်ခန့်က မိုင်းစံမြို့  လူထုအခြေပြုဗဟိုဌာန(ခန်းမ)၌  အသိပညာပေး ဟောပြောခဲ့သည်။

ထို့နောက် ကျောင်းသား/ကျောင်းသူများက ခင်းကျင်းပြသထားသည့် စာအုပ်စာစောင်များ ကို စိတ်ပါဝင်စားစွာဖြင့် လေ့လာကြည့်ရှုခဲ့ကြောင်း သိရသည်။

အိဇာချို၊မိုင်းစံ(ပြန်/ဆက်)