ရမည်းသင်း မေ ၄
မန္တလေးတိုင်းဒေသကြီး၊ ရမည်းသင်းခရိုင် ရမည်းသင်းခရိုင်မီးသတ်ဦးစီးမှူး လက်ထောက်ညွှန်ကြားရေးမှူး ဦးအောင်ခင်ဆင့် ကြီးကြပ်မှုဖြင့် မြို့နယ်မီးသတ်ဦးစီးမှူး ဦးစီးအရာရှိ ဦးသူရလင်း၊ ခရိုင်/မြို့နယ် မီးသတ်တပ်ဖွဲ့ဝင်များက နှစ်(၈၀)ပြည့် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ရမည်းသင်းမြို့နယ် အောင်မင်္ဂလာရပ်ကွက်ရှိ ဝံသပါလမိဘမဲ့ ဘုန်းတော်ကြီးကျောင်းတွင် ဆန်/ဆီ/ဆား/ဆေး လှူဘွယ်ပစ္စည်းများ၊ နေ့ဆွမ်းနှင့် ဝတ္ထုငွေများဆက်ကပ်လှူဒါန်းသည်။
ဆက်လက်၍ ခရိုင်မီးသတ်ဦးစီးမှူးနှင့်တပ်ဖွဲ့ဝင်(၁၀)ဦး၊ မြို့နယ်မီးသတ်ဦးစီးမှူးနှင့် တပ်ဖွဲ့ဝင်(၁၅)ဦးတို့က ဝံသပါလမိဘမဲ့ဂေဟာရှိ ကလေးငယ်များအား အအေးနှင့်မုန့်များ ပေးဝေလှူဒါန်းခဲ့ကြကြောင်း သိရသည်။
ခရိုင် ပြန်/ဆက်