ပုသိမ်ကြီးမြို့နယ်၌ ရက်(၁၀၀)စီမံချက်ဖြင့် ရပ်ကွက်ကျေးရွာများအရောက် နိုင်ငံသားစိစစ်ရေးကတ်များ ကွင်းဆင်း ဆောင်ရွက်

ပုသိမ်ကြီး   မေ ၄

မန္တလေးတိုင်းဒေသကြီး၊ အောင်မြေသာစံခရိုင်၊ ပုသိမ်ကြီးမြို့နယ်၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန၊ မြို့နယ်ရုံးအနေဖြင့် ရက် ၁၀၀ စီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေး ကတ်ပြားများ ဆောင်ရွက်ပေးခြင်းနှင့် UID ကောက်ယူခြင်း လုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်ခြင်းကို ယမန်နေ့ နံနက် ၉ နာရီက ဆင်ပွတ်ကြီးကျေးရွာအုပ်စုရှိ ပြည်သူများအား နေ့ချင်းပြီး ဆောင်ရွက်ပေးခဲ့ကြောင်း သိရှိရသည်။

အဆိုပါကွင်းဆင်း ဆောင်ရွက်ရာခြင်းကို မြို့နယ်ဦးစီးမှူး ဦးကျော်မင်းထွန်းနှင့် ဝန်ထမ်းများက ဆောင်ရွက်ခဲ့ကြပြီး မြို့နယ်အုပ်ချုပ်ရေးမှူး ဦးနေလင်းထွန်းနှင့် မြို့နယ်တာဝန်ရှိသူများ လာရောက်ကြည့်ရှု၍ ပြည်သူများအား နိုင်ငံသားစိစစ်ရေးကတ်ပြားများကို လက်ဝယ်အရောက်ပေးအပ်ခဲ့ကြောင်း သိရသည်။

မေဝတီ (ပုသိမ်ကြီး)