ကျောက်ဆည်မြို့၌ ၂၀၂၄ -၂၀၂၅ ပညာသင်နှစ်၊ အခြေခံပညာ Grade-10 နှင့်Grade-11 ကျောင်းတွင်းစစ်(ပြင်ပဖြေ) စာမေးပွဲများ ဖြေဆို

ကျောက်ဆည် မေ ၄

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့၌ ၂၀၂၄ -၂၀၂၅ ပညာသင်နှစ်၊ အခြေခံပညာ Grade-10 နှင့်Grade-11 ကျောင်းတွင်းစစ်(ပြင်ပဖြေ) စာမေးပွဲများ ဖြေဆိုခြင်းကို ယနေ့နံနက် ၉ နာရီက အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်းတွင် ကျင်းပကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။

အဆိုပါ ကျောင်းတွင်းစစ်(ပြင်ပဖြေ) Grade-10 STEAM-1 ဘာသာတွဲတွင် ကျောင်းသား(၇)ဦး၊ ကျောင်းသူ(၄)ဦး စုစုပေါင်း (၁၁)ဦး ဖြေဆိုခဲ့ပြီး၊ Grade-11 STEAM-1 ဘာသာတွဲတွင် ကျောင်းသား (၄)ဦး၊ ကျောင်းသူ(၇)ဦးနှင့် STEAM-2 ဘာသာတွဲတွင် ကျောင်းသား(၁)ဦး၊ ကျောင်းသူ(၁)ဦး ဖြေဆိုခဲ့ကြောင်း သိရသည်။

သက်မောင်(ကျောက်ဆည်)