လိပ်သိုမြို့၌ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး အသိပညာပေး

လိပ်သို မေ ၄

ဒေသနေပြည်သူများ နွေရာသီကာလ မီးကိုပေါ့ပေါ့ဆဆ အသုံးမပြုမိစေရန်၊ မီးဘေးအန္တရာယ်နှင့်ပတ်သက်ပြီး သတိပြုဆင်ခြင်နိုင်ကြစေရန်အတွက် မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး အသိပညာပေး နံရံကပ်စာစောင်ကို ကရင်ပြည်နယ်၊ သံတောင်ကြီး မြို့နယ်၊ လိပ်သိုမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဉီးစီးဌာနရုံးရှေ့နံရံကပ်ပြဘုတ်၌ ယနေ့နံနက်ပိုင်းက ပြသဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အဆိုပါ နံရံကပ်စာစောင်တွင် မီးဘေးအတွက် ကြိုတင်ပြင်ဆင်ရန်အချက်များ၊ မီးလောင်နေစဉ် လိုက်နာရန်အချက်များ၊ မီးငြှိမ်းပြီးပါက ပြုလုပ်ရန်အချက်များ၊ မီးလောင်မှုဖြစ်ပွားသည့်ပုံစံနှင့် မီးငြှိမ်းသတ်ရန် နည်းလမ်းများ၊ မီးဘေးပညာပေးကာတွန်းများ စသည့် အသိပညာပေး အကြောင်းအရာများပါဝင်ပြီး နံရံကပ်စာစောင် ပြသဆောင်ရွက်ထားရှိမှုအား ဒေသနေပြည်သူများနှင့် ကျောင်းသား၊ ကျောင်းသူများက စိတ်ပါဝင်စားစွာ ကြည့်ရှုလေ့လာမှတ်သားခဲ့ကြောင်း သိရသည်။

လိပ်သိုမြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် ဒေသနေပြည်သူများ အသိပညာဗဟုသုတတိုးပွားစေရန် ဟောပြောပွဲများ၊ ပြိုင်ပွဲများ၊ Talk Show အစီအစဉ်များနှင့် လစဉ်အခါအားလျော်စွာ အသိပညာပေးနံရံကပ်စာစောင်များကို ပြသဆောင်ရွက်ပေးလျက် ရှိကြောင်း သိရသည်။

နော်ဖလောရင်း