ပုလောမြို့နယ်၌ ရော်ဘာမိုးကာအုပ် အစေးလှီးပညာပေး သင်တန်းဖွင့်လှစ်

ပုလော မေ ၃

တနင်္သာရီတိုင်းဒေသကြီး၊ ပုလောမြို့နယ်၌ ရော်ဘာအထွက်နှုန်း တိုးတက်မြင့်မားရေး ရော်ဘာ မိုးကာအုပ် အစေးလှီးပညာပေးသင်တန်းကို မေလ ၃ ရက်နေ့နံနက်ပိုင်းက ပုလောမြို့နယ် မကျည်းကုန်းကျေးရွာရှိ ခြံရှင် ဦးတင်ရှိန်ရော်ဘာခြံတွင် ဆောင်ရွက်ခဲ့သည်။

အဆိုပါရော်ဘာမိုးကာအုပ်အစေးလှီး ပညာပေးသင်တန်းကို ပုလောမြို့နယ် စိုက်ပျိုးရေးဦးစီး ဌာန၊မြို့နယ်ဦးစီးမှူး ဦးသော်ဇင်ထွန်းက ရော်ဘာမိုးကာအုပ် တပ်ဆင်အသုံးပြုခြင်းဖြင့် ရော်ဘာ အစေးလှီး ရက်ပိုမိုရရှိစေပြီး၊ ရော်ဘာအထွက်နှုန်း တိုးတက်ကောင်းမွန်ကြောင်း၊ ကုန်ကျစရိတ်နှင့် အကျိုးအမြတ်များကြောင်း ဆွေးနွေးခဲ့သည်။

ဆက်လက်၍ မြို့နယ်ဦးစီးမှူးက ရော်ဘာခြံလုပ်ငန်းရှင်များကို ရော်ဘာပင်များကို မိုးကာအုပ် တပ်ဆင်ခြင်းနှင့်အစေးလှီးခြင်းအား လက်တွေ့သင်ကြားပေးခဲ့ကြောင်း အဆိုပါသင်တန်းကို ပုလောမြို့နယ်၊ မကျည်းကုန်းကျေးရွာရှိ ရော်ဘာခြံလုပ်ငန်း လုပ်ကိုင်သူ ၃၅ ဦး တက်ရောက် လေ့လာသင်ယူခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)