ထားဝယ်မြို့၌ သုတစုံလင်ဗုဒ္ဓဝင်စာမေးပွဲဖြေဆိုပူဇော်ပွဲကျင်းပ

ထားဝယ် မေ ၃

တေရသမအကြိမ် မြန်မာနိုင်ငံလုံးဆိုင်ရာ သုတစုံလင်ဗုဒ္ဓဝင်စာမေးပွဲဖြေဆိုပူဇော်ပွဲ (တိုင်းဒေသကြီးအဆင့်) ကို ယနေ့နံနက်ပိုင်းက တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့၊ မြို့မယဉ်ငေးသာသနာ့ရိပ်သာ၊ ဓမ္မဝိသာလပရိယတ္တိစာသင်ဆောင်၌ ကျင်းပသည်။

သုတစုံလင်ဗုဒ္ဓဝင်စာမေးပွဲ ဖြေဆိုပူဇော်ပွဲတွင် အလယ်တန်းအဆင့် ကျောင်းသား/သူ (၂၃) ဦး၊ မူလတန်းအဆင့် ကျောင်းသား/သူ (၁၃) ဦး ဖြေဆိုလျက်ရှိရာ တိုင်းဒေသကြီး သံဃနာယကဥက္ကဋ္ဌ၊ မြို့နယ်သံဃနာယကအဖွဲ့ဥက္ကဋ္ဌနှင့် အကျိုးတော်ဆောင်များက ကြီးကြပ်ဆောင်ရွက်လျက်ရှိသည်။

ထို့စာမေးပွဲ၌အလယ်တန်းတွင် ပထမရရှိသူတစ်ဦးနှင့် မူလတန်းတွင် ပထမရရှိသူတစ်ဦးတို့ကိုရွေးချယ်၍ ရန်ကုန်မြို့၊ (ဗဟိုဌာနအဆင့်)တွင်ကျင်းပမည့် မြန်မာနိုင်ငံလုံးဆိုင်ရာ ထူးချွန်ဆုနှင့် ရွှေတံဆိပ်ဆု ရွေးချယ်ပြိုင်ပွဲသို့ သွားရောက်ဖြေဆိုစေမည်ဖြစ်ကြောင်း သိရသည်။

သုတစုံလင်ဗုဒ္ဓဝင်သင်တန်းကို (ကျောင်းတွင်းအဆင့်)ဝါတွင်း အပတ်စဉ်တနင်္ဂနွေနေ့တိုင်းတွင် အင်္ဂလိပ်+မြန်မာ နှစ်ဘာသာဖြင့်လည်းကောင်း။ (မြို့နယ်အဆင့်)နွေရာသီတစလတာ သင်တန်းများကို မြန်မာဘသာသာဖြင့်လည်းကောင်း ဒေါက်တာအရှင်ဓမ္မာနန္ဒ (PhD.Sri  Lanka) ဦးဆောင်၍ ပညာပါရမီကုသိုလ်ယူကြသော သင်တန်းသား ဆရာ၊ ဆရာမများက စာတွေ့လက်တွေ့ လေ့ကျင့် ဖွင့်လှစ်သင်ကြားပေးလျက်ရှိကြောင်း သတင်းရရှိသည်။

ငွေဇင်ယော်(ထားဝယ်)