မလှိုင် မေ ၂
မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်၊ မလှိုင်မြို့နယ်၌ နိုင်ငံတော်အစိုးရသစ်၏ ရက်(၁၀၀) စီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြုလုပ်ပေးခြင်းနှင့် Biometric ကောက်ယူကာ UID ကတ်ထုတ်ပေးခြင်း လုပ်ငန်းများကို ဧပြီလ ၂၉ ရက်နေ့နံနက်ပိုင်းက မလှိုင်မြို့၊ အမှတ်(၂)ရပ်ကွက်၌ မြေပြင်ကွင်းဆင်း ဆောင်ရွက်ပေးရာ မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန မြို့နယ် ဦးစီးမှူး ဦးရဲရင့်ထွန်း၏ ကြီးကြပ်မှုဖြင့် လဝကဝန်ထမ်းများ ပါဝင်သောအဖွဲ့က ရပ်ကွက်အတွင်းရှိ အသက်(၁၀)နှစ်အထက် ရပ်ကွက်နေပြည်သူများအား ဆောင်ရွက်ပေးသည်။
အဆိုပါ ကွင်းဆင်းဆောင်ရွက်ရာနေရာသို့ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌ ဦးတင်အောင်ဝင်းနှင့် အဖွဲ့ဝင်များက လာရောက်ကြည့်ရှုအားပေးပြီး လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးသည်။
နိုင်ငံတော်အစိုးရသစ်၏ ရက်(၁၀၀)စီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် Biometric ကောက်ယူ၍ UID ကတ်ထုတ်ပေးခြင်းများကို သက်ဆိုင်ရာရပ်ကွက်အလိုက် မြေပြင်ကွင်းဆင်း ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်းနှင့် အမှတ်(၂)ရပ်ကွက်မှ ဒေသခံပြည်သူ ၇၀ ဦးတို့ကို နိုင်ငံသားစိစစ်ရေးကတ်ပြား နေ့ချင်းပြီးဆောင်ရွက်ပေးခြင်းနှင့် UID ရိုက်ကူးပေးခြင်းများ ကွင်းဆင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
မလှိုင်(ပြန်/ဆက်)