ကျောက်ဆည် မေ ၂
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ်၌ ၂၀၂၅-၂၀၂၆ ခုနှစ် နွေစီမံကိန်းသီးနှံများ လျာထားချက်ပြည့်မီကျော်လွန်ရေး စိုက်ပျိုးလျက်ရှိရာ ဇော်ဂျီဆည်ရေသောက်စနစ် နွားတက်၊ တမုတ်မြောင်းရေဖြင့် ကျေးရွာအုပ်စု ၁၀ အုပ်စုတွင် နွေစပါး၊ နွေနှမ်း၊ မိုးကြိုပဲတီစိမ်း၊ စီမံကိန်း သီးနှံ ၁၆၈၉ ဧက စိုက်ပျိုးထားကြောင်း မြို့နယ်မြေစာရင်းဦးစီးဌာနမှ သိရသည်။
အဆိုပါ စီမံကိန်းသီးနှံများ စိုက်ပျိုးရာတွင် တမုတ်မြောင်းရေဖြင့် လက်ပန်ပင်ကျေးရွာအုပ်စု၌ ၅၂ ဧက၊ မယ်ဇယ်ပင်ကျေးရွာအုပ်စု၌ ၄၈ ဧက၊ တံစိုးကျေးရွာအုပ်စု၌ ၁၅၇ ဧက၊ သူငယ်တော်ကျေးရွာ အုပ်စု၌ ၄၅ ဧက၊ ပွတ္တိုင်ကျေးရွာအုပ်စု၌ ၃၅၄ ဧက၊ မြောင်းဦးကျေးရွာအုပ်စု၌ ၂၁၀ ဧက၊ အနောက် သာဂရကျေးရွာအုပ်စု၌ ၁၆၇ ဧက၊ ရွာပုလဲကျေးရွာအုပ်စု၌ ၁၀၆ ဧက၊ ကတဲကျေးရွာအုပ်စု၌ ၄၁၈၊ ပနန်ကျေးရွာအုပ်စု၌ ၁၃၂ ဧက စုစုပေါင်း ၁၆၈၉ ဧက စိုက်ပျိုးကြောင်း သိရသည်။
စီမံကိန်းသီးနှံများ အောင်မြင်ဖြစ်ထွန်းရေး မြို့နယ်ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနမှ စိုက်ပျိုးရေများ လုံလောက်စွာ ပေးဝေလျက်ရှိပြီး မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ စိုက်ပျိုးနည်းစနစ်များ ကူညီပေးလျက်ရှိကြောင်း သိရသည်။
သက်မောင်(ကျောက်ဆည်)