မိုးနဲ မေ ၂
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ရှမ်းပြည်နယ် (တောင်ပိုင်း)၊ နမ့်စန်ခရိုင်၊ မိုးနဲမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ၂၀၂၆-၂၀၂၇ ခု ဘဏ္ဍာရေးနှစ် ရက်(၁၀၀)စီမံချက်ဖြင့် ကျေးလက်နေပြည်သူများ သောက်သုံးရေ ဖူလုံစွာရရှိစေရန်အတွက် ကျေးလက်ရေရရှိရေးလုပ်ငန်းများ ရက်ပေါင်း ၁၀၀ အတွင်း အပြီးသတ်ဆောင်ရွက်နိုင်ရေး မြေပြင်အကြိုကွင်းဆင်းစစ်ဆေးခြင်းကို ယနေ့နံနက်ပိုင်းက ကွန်နားကျေးရွာ၌ တာဝန်ရှိသူများမှ ဆောင်ရွက်ခဲ့သည်။
ထိုသို့ ကွင်းဆင်းရာတွင် မိုးနဲမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမြို့နယ် ဦးစီးမှူး ဦးမောင်ခိုင်နှင့် အင်ဂျင်နီယာဝန်ထမ်းများက ကွန်နားကျေးရွာအတွင်း သန့်ရှင်းသော သောက်သုံးရေရရှိစေရန် ရေပိုက်သွယ်တန်းခြင်းနှင့် ဆက်စပ်လုပ်ငန်းများ ဆောင်ရွက်ရန် နိုင်ရေး မြေပြင်ကွင်းဆင်းတိုင်းတာ ကြည့်ရှုစစ်ဆေးသည်။
ထို့နောက် မြို့နယ်ဦးစီးမှူးက ကျေးရွာသူ/သားများနှင့် တွေ့ဆုံကာ ရေထွက်ပင်ရင်း မှ ကျေးရွာအရောက် အရှည် ၂ မိုင်ရှိ ရေပိုက်သွယ်တန်းခြင်းလုပ်ငန်းကို ရက်ပေါင်း ၁၀၀ အတွင်း အပြီးသတ် ဆောင်ရွက်ပေးသွားမည်ဖြစ်ပြီး လုပ်ငန်းများအားလုံး ပြီးစီးပါက ကျေးလက်နေပြည်သူများ အတွက် သန့်ရှင်းသောသောက်သုံးရေကို ရာသီမရွေး ဖူလုံစွာ သုံးစွဲနိုင်မည်ဖြစ်၍ ကျေးရွာသူ / သားများမှ ပူးပေါင်းဆောင်ရွက်ကြရန် ဆွေးနွေးမှာကြားခဲ့ကြောင်းသိရသည်။
မျိုးညွန့်ရွှေ(မိုးနဲ)