ပုသိမ်ကြီးမြို့နယ်၊ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ ရက် ၁ဝဝ စီမံချက်ဖြင့် ကျွဲနွားကူးစက် ရောဂါကြိုတင်ကာကွယ်ဆေးထိုးနှံပေး

ပုသိမ်ကြီး မေ ၂

မန္တလေးတိုင်းဒေသကြီး၊ အောင်မြေသာစံခရိုင်၊ ပုသိမ်ကြီးမြို့နယ်၊ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန ရက် ၁၀၀ စီမံချက်ဖြင့် ကျွဲနွားကူးစက်ရောဂါ ကြိုတင်ကာကွယ်ဆေးထိုးလုပ်ငန်းကို ယနေ့နံနက် ၉ နာရီက ငြိမ်းချမ်းသာဇံကျေးရွာရှိ SUNDAY နို့စားနွားမွေးမြူရေးခြံတွင် ကွင်းဆင်းဆောင်ရွက်ပေးခဲ့သည်။

အဆိုပါကွင်းဆင်းဆောင်ရွက်ရာသို့ မန္တလေးတိုင်းဒေသကြီး မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန ညွှန်ကြားရေးမှူး ဒေါက်တာသန်းအေး၊ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးနေလင်းထွန်းနှင့် အဖွဲ့ဝင် ဦးညွန့်ဆန်း၊ မြို့နယ်ဦးစီးမှူး ဒေါက်တာကျော်ထိန်နှင့် ဝန်ထမ်းများက ကွင်းဆင်းဆောင်ရွက်ကြပြီး၊ အဆိုပါခြံရှိ နို့စားနွား ၆၈ ကောင်အား ကာကွယ်ဆေးများထိုးနှံပေးခဲ့သည်။

ရက် ၁၀၀ စီမံချက်အရ ကျွဲနွားကူးစက်ရောဂါ ကြိုတင်ကာကွယ်ဆေးထိုးနှံခြင်း၊ မေထုန်မဲ့သားစပ်ခြင်း၊ ပညာပေးသင်တန်းဖွင့်လှစ်ခြင်းနှင့် မွေးမြူရေးခြံမှတ်ပုံတင် လက်မှတ်ထုတ် ပေးခြင်း၊ ဆောင်ရွက်သွားမည်ဖြစ်ပြီး ပုသိမ်ကြီးမြို့နယ်အနေဖြင့် ကျွဲနွားကူးစက်ရောဂါ ကာကွယ်ဆေး (၃)မျိုး၊ ကျေးရွာအုပ်စု(၁၂)အုပ်စု၊ ကျွဲနွားကောင်ရေ (၄၄၀၀)ကောင်ထိ ဆက်လက် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

 ဇာနည်ကိုကို ပြန်/ဆက်