နှစ်(၈၀)ပြည့် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် မန္တလေးတိုင်းဒေသကြီး မီးသတ်ဦးစီးဌာနမှ သွေးလှူဒါန်းခြင်းအခမ်းအနားကျင်းပ‎‎

မန္တလေး   မေ   ၂

၂၀၂၆ ခုနှစ်၊ မေလ ၅ ရက်နေ့တွင် ကျရောက်မည့် နှစ် (၈၀) ပြည့် မြန်မာနိုင်ငံ မီးသတ် တပ်ဖွဲ့နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့်  တိုင်းဒေသကြီးမီးသတ် ဦးစီးမှူးရုံး (ဗဟိုမီးသတ်) စခန်းတွင် သွေးလှူဒါန်းပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်းက ကျင်းပပြုလုပ်ခဲ့သည်။

အဆိုပါအခမ်းအနားသို့  မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဦးမျိုးအောင်၊ အစိုးရ အဖွဲ့ဝင် ဝန်ကြီးများ၊ တရားသူကြီးချုပ်၊ ဥပဒေချုပ်နှင့်တိုင်းဒေသကြီးအစိုးရအဖွဲ့ အတွင်းရေးမှူး တို့က သွေးလှူဒါန်းနေသည့် တပ်ဖွဲ့ဝင်များအား လိုက်လံကြည့်ရှုပြီး မီးသတ်တပ်ဖွဲ့နေ့ အထိမ်းအမှတ် အမှတ်တရပစ္စည်းများ၊ ကြက်ဥ၊ နို့အေးနှင့် ရေသန့်များ  ပေးအပ်ခဲ့သည်။  အခမ်းအနားတွင် သန္ဓေနှင့် အရန်မီးသတ်တပ်ဖွဲ့ဝင်များ၊ မိသားစုဝင်များမှ သွေးလှူဒါန်းခဲ့ပြီး တိုင်းဒေသကြီးမီးသတ်ဦးစီးမှူး ညွှန်ကြားရေးမှူး ဦးဇော်ဝင်းထွန်းနှင့် ဒုတိယတိုင်းဒေသကြီးမီးသတ်ဦးစီးမှူး ဒုတိယညွှန်ကြားရေးမှူး ဦးရှိုင်းဝေမိုးတို့က မန္တလေးပြည်သူ့ဆေးရုံကြီးမှ ဆေးရုံအုပ်ကြီး ဒေါက်တာဆန်းလွင်ဦးနှင့် ရောဂါဗေဒဌာန ပါမောက္ခ ဒေါက်တာနီလာဝင်းတို့အား သွေး ၁၅၅ လုံး ပေးအပ်ခဲ့ပြီး ၎င်းတို့ကလည်း ဂုဏ်ပြု မှတ်တမ်းလွှာပြန်လည်ပေးအပ်ခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)