ချမ်းအေးသာစံ မေ ၂
ပညာရေးဝန်ကြီးဌာနအစီအစဉ်ဖြင့် ၂၀၂၅-၂၀၂၆ ပညာသင်နှစ် လူရည်ချွန်မောင်မယ်များကို ဂုဏ်ပြုသောအားဖြင့် ပြင်ဦးလွင် လူရည်ချွန် အပန်းဖြေစခန်း၊ အင်းလေးအပန်းဖြေစခန်း၊ ငွေဆောင်အပန်းဖြေစခန်းနှင့် နေပြည်တော်အပန်းဖြေစခန်းများသို့ သွားရောက်ကြမည့် မန္တလေးတိုင်းဒေသကြီးကိုယ်စားပြု လူရည်ချွန်မောင်မယ်များနှင့် တွေ့ဆုံပွဲအခမ်းအနားကို မန္တလေးတိုင်းဒေသကြီး ချမ်းအေးသာစံမြို့နယ်ရှိ အမှတ်(၁၆) အခြေခံပညာအထက်တန်း ကျောင်းတွင်ကျင်းပသည်။
အခမ်းအနားသို့ မန္တလေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးအောင်၊ တိုင်းဒေသကြီးတရား လွှတ်တော်တရားသူကြီးချုပ်၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ တက္ကသိုလ်၊ ဒီဂရီကောလိပ်များမှ ပါမောက္ခချုပ်များနှင့် ကျောင်းအုပ်ကြီးများ၊ လူရည်ချွန်စခန်းတာဝန်ခံနှင့် ကြီးကြပ်ဆရာဆရာမများ၊ လူရည်ချွန်မောင်မယ်များနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြ သည်။
အခမ်းအနား၌ တိုင်းဒေသကြီးဝန်ကြီးချုပ်ကကြိုဆိုဂုဏ်ပြုအမှာစကား ပြောကြားရာတွင်ထိုက်တန်စွာရွေးချယ်ခြင်းခံခဲ့ရသည့် လူရည်ချွန်မောင်မယ်များကိုလှိုက်လှဲစွာဂု ဏ်ပြုကြိုဆို ပါကြောင်း၊ နိုင်ငံ၏တာဝန်ကို ပခုံးပြောင်းထမ်းဆောင်ကြမည့် လူရည်ချွန်မောင်မယ် များအနေဖြင့် မိမိကိုယ်ကို ယုံကြည်အားကိုးသည့်စိတ်ဓာတ်များ၊ အများအကျိုးကို သယ်ပိုးဆောင်ရွက်လိုသည့် စိတ်ဓာတ်များ ရှင်သန်ထက်မြက်ခိုင်မာနေစေအောင်နှင့် ဘက်စုံ အရည်အသွေးများ ပိုမိုဖွံ့ဖြိုးတိုးတက်ပြီး စံနမူနာပြလူငယ်များ လူရည်ချွန် ထပ်ကွမ်းလူငယ်များ ဖြစ်အောင် ပိုမိုကြိုးစားသွားကြရမည် ဖြစ်ပါကြောင်းပြောကြားခဲ့သည်။
ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်၊ တိုင်းဒေသကြီးတရား လွှတ်တော်တရားသူကြီးချုပ်နှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများက မန္တလေးတိုင်းဒေသကြီးကိုယ်စားပြု လူရည်ချွန် မောင်မယ် (၅၀)ဦးနှင့် ကြီးကြပ်ဆရာ၊ ဆရာမ (၄)ဦးအတွက် စုစုပေါင်းဂုဏ်ပြုငွေ (၁၀၈)သိန်းကို ချီးမြှင့်ခဲ့ကြောင်း၊ မိတ္ထီလာမြို့မှ လေးထပ်ကွမ်းလူရည်ချွန် ကျောင်းသားတစ်ဦးက ကျေးဇူးတင်စကားပြောကြားခဲ့ကြောင်းနှင့် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် အဖွဲ့ကလိုက်လံနှုတ်ဆက် အားပေးစကားများပြောကြားခဲ့ကြောင်းသိရသည်။
ချမ်းမြေ့မောင်(ချမ်း/စံ)