မန္တလေး-ရန်ကုန် ရထားလမ်းပိုင်းတွင် အမှတ်(၅) အဆန်/ အမှတ်(၆) အစုန်ရထားအား ခေတ်မီ DEMU ရထားတွဲဆိုင်းများဖြင့် စတင်ပြေးဆွဲခြင်း ဖွင့်ပွဲအခမ်းအနားကျင်းပ

ချမ်းအေးသာစံ မေ ၁

ပြည်ထောင်စုသမ္မတနိုင်ငံအစိုးရ၊ ပို့ဆောင်ရေးဝန်ကြီးဌာန၊ မြန်မာ့မီးရထား၊ မန္တလေး-ရန်ကုန် ရထားလမ်းပိုင်းတွင် အမှတ်(၅) အဆန်/ အမှတ်(၆) အစုန်ရထားအား ခေတ်မီ DEMU ရထားတွဲဆိုင်းများဖြင့် စတင်ပြေးဆွဲခြင်း ဖွင့်ပွဲအခမ်းအနားကို မန္တလေးဘူတာကြီး၌ ယနေ့နံနက်ပိုင်းက ကျင်းပခဲ့သည်။

ဦးစွာ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဦးမျိုးအောင်က အဖွင့်အမှာစကား ပြောကြားခဲ့ပြီး ခေတ်မီ DEMU ရထားတွဲဆိုင်းများအသုံးပြုရျ် မန္တလေး-ရန်ကုန်ရထားလမ်းပိုင်းတွင် စတင်ပြေးဆွဲပေးနိုင်ပါရန် စီစဥ်ဆောင်ရွက်ထားရှိမှု အခြေအနေများအား မြန်မာ့မီးရထား၊ အထွေထွေမန်နေဂျာ(အင်ဂျင်နီယာ/စီမံ)က ရှင်းလင်းပြောကြားခဲ့ကာ ဒေသခံပြည်သူတစ်ဦးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့သည်။

ဆက်လက်ပြီး မန္တလေး-ရန်ကုန်ခရီးစဥ်အဖြစ် စတင်ပြေးဆွဲမည့် ခေတ်မီ DEMU ရထားတွဲဆိုင်းအား သက်ဆိုင်ရာတာဝန်ရှိသူများက ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ကြပြီး ရထားစက်ခေါင်းအား အမွှေးနံ့သာရည်များ ပတ်ဖျန်းခဲ့ကြကာ ရထားပေါ်လိုက်ပါလာသည့် ခရီးသွားပြည်သူများအား အမှတ်တရလက်ဆောင်များ ပေးအပ်ခဲ့ကြောင်း သိရသည်။

ချမ်းမြေ့မောင်(ချမ်း/စံ)