လဲချား ဧပြီ ၃၀
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လဲချားမြို့နယ်တွင် ရွေးကောက်ခံ လွှတ်တော်ကိုယ်စားလှယ်များ၊ ဌာနဆိုင်ရာများ၊ ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးများ တွေ့ဆုံခြင်းကို ယမန်နေ့နံနက် (၉)နာရီခွဲအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ဆောင်ရွက်ခဲ့ပါသည်။
ရှေးဦးစွာ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေကော်မတီဥက္ကဋ္ဌ ဦးနန်းတင့်က အဖွင့်နှုတ်ဆက်စကားပြောကြားပြီး ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးစိုင်းစိန်ဝင်းက ဒေသအတွက် ရေ၊ မီး၊ ကျန်းမာရေး၊ ပညာရေး၊ လမ်းပန်းဆက်သွယ်ရေးကိစ္စရပ်များ ဆွေးနွေးပြီး ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် နန်းအက်စ်ကီးမိုးက ဒေသဖွံ့ဖြိုးရေအတွက် ပူးပေါင်းဆောင်ရွက်လိုကြောင်း ပြောကြားခဲ့ပြီး ဌာနဆိုင်ရာများနှင့် ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှုးများက တစ်ဦးချင်းမိတ်ဆက်စကားပြောကြားကာ မိမိဌာနလုပ်ငန်းများနှင့်ပတ်သက်၍ ရှင်းလင်းဆွေးခဲ့ကြပါသည်။
ဆက်လက်၍ ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးများ၏ ဆွေးနွေးတင်ပြချက်များအပေါ် ပြန်လည်ရှင်းလင်းဆွေးနွေးခဲ့ကြကြောင်း သိရှိရသည်။
မြို့နယ်(ပြန်/ဆက်)