မိုင်းပျဉ်းမြို့နယ်အတွင်းရှိ ကျေးရွာများ၌ လေပြင်းတိုက်ခတ်မှုကြောင့် နေအိမ်များပျက်စီး

မိုင်းပျဉ်း ဧပြီ ၃၀

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းပျဉ်းမြို့နယ်အတွင်းရှိ ကျေးရွာအုပ်စုအချို့တို့တွင် ၂၀၂၆ ခုနှစ် ဧပြီလ ၂၈ ရက် ညနေ (၅:၄၅)နာရီ အချိန်ခန့်က လေပြင်းတိုက်ခတ်မှုဖြစ်ပွားခဲ့ပြီး လူနေအိမ်အချို့ ပျက်စီးဆုံးရှုံးခဲ့ကြောင်း သိရသည်။

အဆိုပါ လေပြင်းတိုက်ခတ်မှုကြောင့် မိုင်းပျဉ်းမြို့နယ်၊ နောင်ကွဲအုပ်စု၊ ပန်ပျင်ကျေးရွာရှိ လူနေအိမ်(၉)လုံး၊ နမ့်ရှုအုပ်စု၊ ပန်မတ်(၂)ကျေးရွာရှိ လူနေအိမ်(၁)လုံး၊ ပန်မတ်(၃)ကျေးရွာရှိ လူနေအိမ်(၃)လုံး၊ ဖါဝေါအုပ်စု၊ ဟိုမှ(၂)ကျေးရွာရှိ လူနေအိမ်(၃)လုံး၊ ဖာခမ်းအုပ်စု၊ ဖာခမ်းကျေးရွာရှိ လူနေအိမ်(၆)လုံး၊ ပန်ပေါင်းကျေးရွာရှိ လူနေအိမ်(၁၄)လုံး၊ ဟားကျလောကျေးရွာရှိ လူနေအိမ်(၁၃)လုံး၊ ဖာလုံ(ပါကော)ကျေးရွာရှိ လူနေအိမ်(၃)လုံးနှင့် ဖာလုံကျေးရွာရှိ လူနေအိမ်(၈)လုံး၊ စုစုပေါင်းအိမ်ခြေ(၆၀)လုံး ထိခိုက်ပျက်စီးခဲ့ပြီး၊ စုစုပေါင်းဆုံးရှုံးမှုတန်ဖိုး (၄၈၆၀၀၀၀၀/-) ခန့်ရှိကာ လူနှင့်တိရစ္ဆာန်များ ထိခိုက်သေဆုံး ပျက်စီးမှုမရှိကြောင်းနှင့် လေဘေးသင့်အိမ်ထောင်စုများအား နီးစပ်ရာဆွေမျိုးနေအိမ်များသို့ သက်ဆိုင်ရာအုပ်ချုပ်ရေးမှူးနှင့် အဖွဲ့များက ကူညီပေးထားပြီးဖြစ်ကြောင်း သတင်းရရှိသည်။

နန်းသန္တာဦး(ပြန်ဆက်)