တောင်ကြီး ဧပြီ ၂၉
ကျန်းမာရေးသည် လူသားအားလုံးအတွက်အရေးကြီးဆုံး အခန်းကဏ္ဍမှ ပါ၀င်သည့်အတွက် လူတိုင်း သက်တမ်းစေ့ အသက်ရှည်စွာ နေနိုင်ရေး၊လူတိုင်းလက်လမ်းမှီသောကျန်းမာရေးစောင့်ရှောက်မှု ရရှိနိုင်ရေး၊လူတိုင်းရောဂါ ဘယကင်းရှင်းစေရန်နှင့်ကျန်းမာရေးအဆင့်တန်းမြင့်မားစေရန် ရည်ရွယ်၍ ဧပြီလ ၂၈ ရက် မွန်းလွဲပိုင်းက ဆေးတက္ကသိုလ်(တောင်ကြီး) ပန်းချယ်ရီ ခန်းမ၌ ပါမောက္ခချုပ်နှင့် ဆရာ/ဆရာမ၊ဝန်ထမ်းများ တွေ့ဆုံပွဲကျင်းပခဲ့ကြောင်း သိရသည်။
ဦးစွာ ဆေးတက္ကသိုလ်(တောင်ကြီး)ပါမောက္ခချုပ်၊ ပါမောက္ခဒေါက်တာသဲနုထွေးက အဖွင့်အမှာစကားပြောကြားရာတွင် နိုင်ငံတော်အစိုးရ၏ ရက်(၁၀၀)အတွင်းဆောင်ရွက်မည် စံမီချက်များအတွင်း ကျန်းမာရေးလုပ်ငန်းများကို မြှင့်တင်ဆောင်ရွက်ရန် လည်းပါရှိပါကြောင်း၊ မိမိတို့ဆေးတက္ကသိုလ်အနေဖြင့်လဲ ဆောင်ရွက်ရမည့်လုပ်ငန်းစဥ်များရှိပါ ကြောင်းပြောကြားသည်။ ဆက်လက်၍ ပါမောက္ခချုပ်မှ ကျန်းမာရေးဝနကြီးဌာန၊ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဝန်ကြီးနှင့် ကျန်းမာရေးဝန်ကြီးဌာန ၊ကျန်းမာရေးနှင့် လူစွမ်းအားအရင်းမြစ်ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်တို့၏ လမ်းညွှန်ချက်များနှင့် ရက်၁၀၀ စံမံချက်တွင် ဆောင်ရွက်မည့် အကြောင်းအရာများကို ရှင်းလင်းပြောကြား သည်။ ထို့နောက် တက်ရောက်လာသော ဆရာ၊ဆရာမများနှင့် ဝန်ထမ်းများက သိရှိလိုသည်များနှင့် ကဏ္ဍအလိုက် လိုအပ်ချက်များကိုတင်ပြကြရာ ပါမောက္ခချုပ်က လိုအပ်သည်များ ဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ဆေးတက္ကသိုလ်(တောင်ကြီး)အနေဖြင့် ရက်(၁၀၀)စီမံချက်အတွင်း social media များကိုအသုံးပြု၍ ကျန်းမာရေးအသိပညာပေးခြင်းများနှင့် ဝန်ထမ်းများစွမ်းရည်မြှင့်သင်တန်းများကို ဖွင့်လှစ်သွားမည် ဖြစ်ကြောင်းသိရသည်။
မင်းသန့်(ပြန်/ဆက်)