စီမံကိန်း၊ စီးပွားရေးနှင့်ဘဏ္ဍာရေးဝန်ကြီး‌ ဒေါက်တာလဆိုင်း ရှမ်းပြည်နယ် စီမံကိန်းရေးဆွဲရေးဦးစီးဌာန ဝန်ထမ်းများအား တွေ့ဆုံအားပေး

တောင်ကြီး ဧပြီ ၂၉

ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင် စီမံကိန်း၊ စီးပွားရေးနှင့် ဘဏ္ဍာရေးဝန်ကြီး ဒေါက်တာလဆိုင်းသည် ဧပြီလ (၂၈) ရက်နေ့၊ မွန်းလွဲပိုင်းက ရှမ်းပြည်နယ် အ‌ရှေ့ပိုင်း၊ တောင်ပိုင်းနှင့် မြောက်ပိုင်းအတွင်းရှိ ရှမ်းပြည်နယ် စီမံကိန်းရေးဆွဲရေးဦးစီးဌာန၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ်တာဝန်ခံများအား ရှမ်းပြည်နယ်စီမံကိန်းဦးစီးရုံး အစည်းအဝေးခန်းမ၌ တွေ့ဆုံအားပေးသည်။

ဦးစွာ ရှမ်းပြည်နယ်စီမံကိန်းဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးမောင်မောင်လွင်နှင့် ရှမ်းပြည်နယ်အတွင်းရှိ စီမံကိန်းဦးစီးရုံးများမှ တာဝန်ခံများက တစ်ဦးချင်း မိတ်ဆက်တင်ပြသည်။ ထို့နောက် ရှမ်းပြည်နယ်စီမံကိန်း၊ စီးပွားရေးနှင့်ဘဏ္ဍာ‌ရေးဝန်ကြီး ဒေါက်တာလဆိုင်းက ကြိုဆိုနှုတ်ခွန်းဆက်စကားပြောကြားပြီး တက်ရောက်လာသည့် စီမံကိန်းဦးစီးရုံးတာဝန်ခံများက လုပ်ငန်းဆောင်ရွက်ချက်များတင်ပြကြရာ ပြည်နယ်ဝန်ကြီးက နိုင်ငံဝန်ထမ်းများအနေဖြင့် နိုင်ငံတော်တမ္မတ၏ လမ်းညွှန်မှာကြားချက်များကို အလေးအနက်ထား အကောင်အထည်ဖော် ဆောင်ရွက်ရမည်ဖြစ်ပါကြောင်း၊ အစိုးရ၏ ရက် ၁၀၀ စီမံကိန်းနှင့် မူဝါဒ၊ ရည်မှန်းချက်များအပေါ် ကဏ္ဍအလိုက်၊ အဆင့်အလိုက် လိုက်ပါအကောင်အထည်ဖော်ဆောင်ရွက်ကြရန် လိုအပ်ကြောင်း၊ အစိုးရသစ်၏ ရက် ၁၀၀ စီမံကိန်းနှင့်ပတ်သက်၍ ထဲထဲဝင်ဝင် သိရှိနားလည်ပြီး ပြည်သူ့အကျိုးကို ရှေးရှုသော၊ တာဝန်ကျေပွန်စွာ ထမ်းဆောင်နိုင်သည့် နိုင်ငံ့ဝန်ထမ်းကောင်းများဖြစ်ရန် ကြိုးစာဆောင်ရက်ကြရန် လိုအပ်ကြောင်း ပြောကြားပြီး၊ လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးကြောင်း သိရသည်။

ထက်ဝေ(ပြန်/ဆက်)